မလေးရှားတွင် အသတ်ခံရသောကိုဇော်နိုင်သတင်းကို မိသားစုဝင်များ online ပေါ်မှသိရ

စစ်တွေ၊ ၅ ဇွန်န၀ါရီ၊ ၂၀၁၄။ Coral Arakan News (သတင်း)
မလေးရှားတွင် အသတ်ခံရသော ကိုဇော်နိုင် ၏ မိသားစုဝင် များသည် သူ၏သတင်း online ပေါ်မှတဆင့်ကြားရသောကြောင့် အထူးဝမ်းနဲကြေကွဲလျှက်ရှိနေကြသည်။
ကိုဇော်နိုင်သည် စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက် ၊ ထန်းပင်ရင်းလမ်း၊ တွင် နေထိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ၁၅ နှစ်က မလေးရှားသို့တရားမ၀င်သွားခဲ့သည်ဟုသိရသည်။
အဖ ဦးကျော်သိန်း( ကွယ်လွန်) အမိ ဒေါ်မဖြူတို့၏ သားသမီး ရှစ်ယောက်နက် ဒုတိယအကြီးဆုံးသားဖြစ်ပြီး ဘွဲရပြီး ဆည်မြောင်းဦးစီးဌာနတွင် စာရေးအလုပ်ဝင်လုပ်ခဲ့သည်။ပြီးနောက်အလုပ်မှထွက်ကာ မလေးရှားသို့သွာခဲ့ခြင်းဖြစ်သည်။
အေးဆေးတည်ငြိမ်ပြီး မည်သူနှင့်မှ ရန်မဖြစ်တတ်သူ ကိုဇော်နိုင် အသတ်ခံရခြင်းအတွက် အထူးအံသြတုန်လှုပ်မိကြောင်း သူ၏သူငယ်ချင်းတစ်ဦးကပြောကြားခဲ့သည်။
မလေးရှားတွင် အလုပ်နှစ်ခု လုပ်ပြီးမိသားစုအတွက် ပုံမှန်ငွေပို့ကာ ယခုနှစ်သင်္ကြန်တွင် စစ်တွေသို့အပြီးပြန်လာရန်ပြင်ဆင်နေသူဖြစ်ကြောင်း မိသားစုဝင်တို့နှင့်နီးစပ်သူတစ်ဦးက Coral Arakan အား ပြောကြားခဲ့သည်။
Inga kommentarer:
Skicka en kommentar