အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 6 januari 2014

သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်

သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်




Yangon Media Group
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် နာမည်လွှဲဖြင့် သန်းခေါင်စာရင်း ပေးသွင်းနိုင်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးပြောကြား
======================================
ကျော်ဇေယျ
======================================
ရန်ကုန် ၊ ဇန်န၀ါရီ ၅ ။ ။ ပြည်လုံး ကျွတ် သန်းခေါင်စာ ရင်းကောက် ယူရာတွင်နာမည်လွှဲဖြင့်သန်း ခေါင်စာရင်း ပေးသွင်းနိုင်ကြောင်း
ကော့ ကရိတ်မြို့ တွင် ပြုလုပ်သည့် နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုဝန် ကြီးဦးဆောင်သည့် လူထုတွေ့ဆုံ ပွဲမှ သိရသည်။

ကရင်ပြည်နယ် နယ်စပ်မြို့ များဖြစ်သည့် မြဝတီမြို့နှင့်ကော့ ကရိတ်မြို့များ တွင် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် လူ ထုတွေ့ဆုံပွဲများပြုလုပ် ခဲ့ပြီး ကော့ ကရိတ်ဒေသခံ ၂၀၀ ကျော်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန် ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံ ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြောခြင်းမှာ သန်း ခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့် အချက်အလက်များ နှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေ သည့် ဒေသခံတချို့ကို အသိပေး ခြင်းဖြစ်ပြီး သန်းခေါင်စာရင်း သည်မည်သည့်အခြားအကြောင်း အရာများနှင့်မျှ မဆက်နွှယ် ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုဝန်ကြီးက လူထုတွေ့ဆုံ ပွဲတွင် ရှင်းလင်းပြောကြားသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း က''တချို့က အမှန် ကိုပြောပြဖို့ စိတ်ပူပန်မှုတွေ ရှိနေကြတယ် လို့ ကျွန်တော်တို့ သိရတယ်။ ဒါကြောင့် နာမည်ကိုလွှဲပြောချင် ရင် ပြောလိုက်။ အချက်အလက် တွေကိုတော့ ပေးကြပါ။ ကျွန် တော်တို့က နာမည်တွေ၊ ဘာသာ တွေ အဓိကမရှိဘူး''ဟု သန်း ခေါင်စာရင်း ကောက်ယူ မှုတွင် ပြုလုပ် နိုင်သည့်ပုံစံကို ကော့က ရိတ် လူထုတွေ့ဆုံပွဲတွင် ဒေသ ခံများကို ပြောသည်။

''ဒီနိုင်ငံမှာနေတဲ့ လူစာရင်း အတိအကျရဖို့က အရေးကြီး တယ်။ သန်း ၇၀
ရှိတာကို သန်း ၆၀ စာရင်းပဲ ရရှိရင် စာရင်းမှာ မပါတဲ့ ကျန် ၁၀ သန်းက အခွင့် အရေး ဆုံးရှုံးမှာပါ။ ဒီစာရင်း ကောက်ယူမှုအတွက် ဥပဒေနဲ့ ပါ အကာအကွယ်ပေးထားပါ တယ်''ဟု ဒေသခံများ သန်းခေါင် စာရင်းကောက် ယူမှုတွင် ပါဝင် လာနိုင်ရေး စည်းရုံးခဲ့ကြောင်း တွေ့ရသည်။

နှစ် ၃၀ ကြာမြင့်ချိန်မှပြန် လည်ပြုလုပ်မည့် နိုင်ငံတွင်း သန်း ခေါင်စာ ရင်းကောက်ယူမှုကို ယခု နှစ် မတ် ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
(အဲဒါဘဲ့လေ မြန်မာအစိုးရက အရင်က နည်းအမျိုးမျိုးနဲ့နှိပ်စက်ခဲ့ကြတော့ အစိုးရအပေါ်မှာယုံ 
ကြည်မှုမရှိတာမဆန်းပါဘူးလေ(အယ်ဒီတာ့အာဘော်) 



Inga kommentarer:

Skicka en kommentar