အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 11 januari 2014

GSM ဖုန်းလိုင်းမကောင်း၍ မေးမြန်းရာ AE ဒေါသထွက်နေသည်ဟုပြော

GSM ဖုန်းလိုင်းမကောင်း၍ မေးမြန်းရာ AE ဒေါသထွက်နေသည်ဟုပြော




  ရန်ကုန်၊ ဇန်န၀ါရီ ၈ ရက်

GSM ဖုန်းလိုင်း ချို့ယွင်းမှုနှင့် ပတ်သက်၍ သွားရောက်မေးမြန်းရာ အလုံဆက်သွယ်ရေးရုံးရှိ AE (Assistant Engineer) လက်ထောက် အင်ဂျင်နီယာ ဒေါ်ဝင်းလဲ့ဦးမှာ ဒေါသထွက်နေသည်ဟု ဇန်န၀ါရီ ၈ ရက်တွင် ၎င်းရုံးခန်းရှိ ဒေါ်ဝင်းခင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ GSM ဖုန်းလိုင်းများသည် ဆက်သွယ်မှုလိုင်းများ မကြာခဏ ပြတ်တောက်ပြီး ဆက်သွယ်ရေးတွင် အခက်အခဲ ရှိသည်ဆိုသော သတင်းများ ကြားသဖြင့် မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခြင်းဖြစ်သည်။

““အစ်မတို့မှာ Network မရှိတော့ဘူး။ အဲဒါနဲ့ ပတ်သက်လို့ သိချင်ရင် ဝေဠုဝန်ကိုသွား၊ ဒါမှမဟုတ် ရွှေဂုံတိုင်ကို သွားမေး၊ အဲဒီကိုပဲသွားပါ။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာလုပ်ပါ။ ဒီမှာတော့ ဖြေပေးမယ့်သူ မရှိဘူး။ AE တော့ရှိ တယ်။ AE ကပဲ ဟိုဘက်ကိုသွား ဆိုပြီး လွှတ်လိုက်တာ။ AE က အလုပ်ရှုပ်နေတယ်၊ သဘောပေါက်လား၊ တစ်ခါတည်း ပြောပြီးသား လုပ်ငန်း နှောင့် ယှက်မှု ဖြစ်နေတယ်။ ဖုန်းလိုင်းနဲ့ ပတ်သက်ရင် ဟိုကိုပဲ သွားလို့ ပြောပြီးသား၊ မနှောင့်ယှက်နဲ့နော်။ AE ဒေါသ ထွက်နေတယ်””ဟု ဒေါ်ဝင်းခင်က ပြောသည်။ …

ဆက်သွယ်ရေးမှ GSM ဖုန်းများသည် ယခုတလော ဖုန်းဆက်သောအခါ ဖုန်းလိုင်း မကြာခဏ ပြတ်တောက်ပြီး ဖုန်းပြောစဉ် လိုင်းများကျလျက် ရှိသည်ဟု GSM ဖုန်းကိုင်ဆောင်သူ တစ်ဦးက““ဖုန်းလိုင်းတွေက အခုတလော လုံးဝပြောလို့ မကောင်းဘူး။ ကြည်လည်း မကြည်ဘူး။ ပြတ်တောင်း၊ ပြတ်တောင်းနဲ့ ဖုန်းလိုင်း မကောင်းတော့ ဟလို၊ ဟလိုနဲ့ပဲ ဖုန်းဘေလ်တွေ အများကြီး ကုန်တယ်။ ဒီလထဲမှာပဲ ၁၅၀၀၀ ခွဲလောက်က ကုန်နေပြီ။ ဒါတောင် လမကုန်သေးဘူး”” ဟု ပြောသည်။

ဆက်သွယ်ရေးရုံး ရွှေဂုံတိုင် ရုံးချုပ်သို့ သွားရောက် မေးမြန်းသောအခါ ဖုန်းလိုင်းနှင့် ပတ်သက်၍ ရွှေဂုံတိုင် ရုံးချုပ်နှင့် မသက်ဆိုင်ကြောင်းကို JE(Junior Engineer) ဦးမောင်မောင်လွင်က ““ဒီမှာလိုင်းနဲ့ ပတ်သက်လို့ မေးလို့မရဘူး။ ဒီမှာက ဖုန်းကတ်တွေ ပျောက်တာ၊ ကတ်လျှောက်၊ ကတ်ပျက်တွေ စာရွက်စာတမ်းတွေနဲ့ ပတ်သက်တဲ့ ဟာတွေပဲ လုပ်လို့ရတယ်။ ZTE စက်ဆို အလုံကိုသွား၊ HUAWEI ဆို ဟံသာဝတီ Exchange ရုံး ကိုသွား””ဟု ပြောသည်။

ဟံသာဝတီ Exchange ရုံးသို့ ထပ်မံ မေးမြန်းခဲ့ရာ GSM ဖုန်းလိုင်းမှ အင်ဂျင်နီယာ တစ်ဦးက ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးသို့ သွားရောက် မေးမြန်းပါ။ ဒီမှာတော့ အဲလို တစ်ခါမှ လာမေးတာ မရှိဘူး။ ရွှေဂုံတိုင်ကပဲ ဖြေတာ။ အဲဒီကို သွားလိုက်ပါ။ ဒီမှာဆိုရင်တော့ တာဝန်ခံ မရှိဘူး။ ဘုန်းကြီး ဆွမ်းသွားကပ်တယ်၊ စောင့်မယ်ဆို စောင့်ပေါ့။ ဒုတိယ တာဝန်ခံတွေတော့ မရှိဘူး ဒီမှာ တစ်ယောက်ပဲ ရှိတယ်””ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်သည့် စာရင်းဇယားများအရ တယ်လီဖုန်းလိုင်း ၂၂၉၇၄၁ လိုင်းရှိပြီး မိုဘိုင်းဖုန်း ၁၄၃၅၂၅၀ လိုင်းချထားပေးပြီး မိုဘိုင်းဖုန်းများတွင် CDMA ၈၀၀ MHz ၅၈၃၇၅၀ လိုင်း၊ GSM ဖုန်း ၄၈၅၁၀၀၀၊ WCDMA ၂၈၀၀၀၊ MC Well ၅၀၀၀၀ ချထားပေးသည်။

အေးမိုးကိုကို

Inga kommentarer:

Skicka en kommentar