အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 11 januari 2014

သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန်သံအမတ်ကြီး မေးခွန်းထုတ်

သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန်သံအမတ်ကြီး မေးခွန်းထုတ်



RFA Burmese

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတတဲ့ နိုင်ငံရေးဖြစ်စဉ်အဖြစ်သာ မြင်တွေ့လိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ အတိတ်ရဲ့ အမွေတစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပြည်တွင်းထုတ် သတင်းမီဒီယာတွေကို အမေရိကန်သံရုံးက ဒီကနေ့ပေးပို့တဲ့ အထူးမှတ်ချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတဖြစ်ခွင့် ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမျိုးကို သူနားမလည်နိုင်ပါဘူးလို့လည်း Mr. Mitchell က ပြောကြားပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ဒါမှမဟုတ် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါတယ်ဆိုရင်တောင် ပြင်ပကမ္ဘာကို စိုးရိမ်ကြောက်ရွံ့လို့ ထည့်ထားတဲ့ ဥပဒေပုဒ်မဆိုတာ နားလည်လို့ရကြောင်း၊ ဒါပေမယ့် အခုလို ၂၁ ရာစုအတွင်း ပွင့်လင်းလွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သစ်မှာ ကမ္ဘာကြီးနဲ့ တသားဖြစ်ဖို့ ကြိုးပမ်းရမယ့်ကာလဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီကန့်သတ်ချက်ဥပဒေနဲ့ ဒီစိုးရိမ်ကြောက်ရွံ့မှုဟာ အတိတ်ရဲ့ ရုပ်ကြွင်းတစ်ခုသာ ဖြစ်နေကြောင်းလည်း Mr. Mitchell က ပြောပါတယ်။

အမေရိကန် သံအမတ်ကြီးရဲ့ အထူးမှတ်ချက်ကို ရန်ကုန်မှာ ထုတ်ဝေတဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ 7 Day နဲ့ Myanmar Times သတင်းစာစောင် ၄ ခုကို သီးသန့်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦး၊ အရေးပါတဲ့ လွှတ်တော်ကော်မတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ဦးနဲ့ တိုင်းပြည်ရဲ့ အောင်မြင်မှုနဲ့ အင်အားတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပြည်သူအများက ထင်ထင်ရှားရှား အားပေးထောက်ခံသူတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဖယ်ထုတ်ထားတာဟာလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်လို့လည်း အမေရိကန်သံအမတ်ကြီးက မှတ်ချက်ပေးထားပါတယ်။




Inga kommentarer:

Skicka en kommentar