အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 11 januari 2014

ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူကို ဖြုတ်ပစ်နိုင်တဲ့အာဏာ ဘယ်သူ့ဆီမှာလဲ

ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူကို ဖြုတ်ပစ်နိုင်တဲ့အာဏာ ဘယ်သူ့ဆီမှာလဲ



ခွန် ဒီးယမ်

အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး ၂ဦးအပါအဝင် ၇ဦးကို စစ်တပ်လွှတ်တော် ကိုယ်စားလှယ် အစားထိုးပြောင်းလဲဟု ရွေးကောက်ပွဲကော်မရှင် ယနေ့ကြေညာ
(10-1-2014)


__________________________
သူ ခေါင်းခါရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းခါလိမ့်မယ်
====================================
(ဒေါ်အောင်ဆန်းစုကြည်- ဩစတြေးလျနိုင်ငံ-ဆစ်ဒနီမြို့- Nov 27, 2013)

တပ်မတော်သားအမတ်အားလုံးကို ကာချုပ်က ခန့်အပ်ပါတယ်။
ဘယ်သူ့ကိုအမတ်ခန့်မယ် ဘယ်လောက်ကြာကြာခန့်မယ်ဆိုတာ ကာချုပ်ကပဲ ဆုံးဖြတ်တယ်။
ခန့်အပ်ခံအမတ်ဟာ နောက်ရွေးကောက်ပွဲအထိ ဒီရာထူးရသွားတာ မဟုတ်သေးပြန်ဘူး။
သူကြိုက်တဲ့အချိန်မှာ သူကြိုက်တဲ့သူကို အချိန်မရွေး ဖြုတ်ပစ်နိုင်တဲ့အာဏာ ကာကွယ်ရေးဦးစီးချုပ်မှာ ရှိနေတာကိုး။

ဒီလုပ်ပိုင်ခွင့်တွေရဲ့ အကျိုးဆက်ကတော့
အခြေခံဥပဒေကို ပြင်မလားမပြင်ဘူးလား ကာချုပ်က ဆုံးဖြတ်နိုင်ခွင့်ရှိသွားတယ်။
သူက ခေါင်းငြှိမ့်ရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းငြှိမ့်လိမ့်မယ်။
သူ ခေါင်းခါရင် တပ်မတော်သားအမတ်တွေလဲ ခေါင်းခါလိမ့်မယ်။
ဆိုတော့ ကျမ ရိုးရိုးရှင်းရှင်းလေးပဲ ရှင်တို့ကိုမေးလိုက်မယ်....

"ပြည်သူရွေးကောက်ထားတာမဟုတ်တဲ့ လူတစ်ယောက်က ပြင်မယ်/မပြင်ဘူး
ဆုံးဖြတ်နိုင်စွမ်းရှိနေတဲ့ လက်ရှိအခြေခံဥပဒေကို ဒီမိုကရေစီအခြေခံဥပဒေလို့ ဘယ်လိုကြည့်ပြီး ခေါ်နိုင်တာလဲ??"

ကာကွယ်ရေးဦးစီးချုပ်ရာထူးဆိုတာ ရွေးကောက်ခံရာထူးမှမဟုတ်ပဲ။
_____________________________________________________
(ဒေါ်အောင်ဆန်းစုကြည်- ဩစတြေးလျနိုင်ငံ-ဆစ်ဒနီမြို့- Nov 27, 2013)





Inga kommentarer:

Skicka en kommentar