အမေစုတို့ နဲ့ အတူ တည်းခိုနေပါသည်။
ခွန် ဒီးယမ်
ဒို့အမေကို ယုတ်မာနေပြီဟေ့........ တည်းခိုခန်းကြိုဘိုကင်လုပ်ထားတာ အခု ဟာခါးလဲရောက်ရော မရတော့ဘူးလုပ်လို့ လုံခြုံရေးလိုက်လာတဲ့ အမျိုးသားတွေတည်းဖို့ စီစဉ်ထားတဲ့ လေမလုံ မိုးမလုံ သစ်သားစုတ်တည်းခိုခန်းလေးမှာ ဒို့အမေတည်းနေရရှာတယ်။ ဒီည ဟားခါးမှာ ၂ဒီဂရီထိအေးမှာ၊ လေမလုံရင်အရိုးကွဲအောင်အေးတော့ အမေခြေထောက်ခွဲထားတာနဲ့ အရမ်းစိတ်ပူမိတယ်။ ပါသွားတဲ့ သတင်းထောက်တွေဆို တည်းစရာမရှိလို့ သောင်ပြင်လွှတ်တဲ့ဗျိုင်းတွေလိုဖြစ်နေကြတာ အရပ်က မနေနိုင်လို့ အိပ်စရာပေးတာ တော်သေးတာပေါ့...
ချင်း ပြည် နယ် ဟား ခါးမြို့ ဒေါ် အောင် ဆန်း စု ကြည် ခရီးစဉ် မှာ ကြို တင် ဘို ကင် လုပ်ထားပါ လျှက် ဟား ခါး ရောက် မှ အခန်း မရဘူး ဆို လို လုံ ခြုံ ရေး တွေ အတွက် လုပ်ထား တဲ့တည်း ခို ခန်း မှာ အိပ် ရတယ် သတင်း ထောက်တွေလဲ အခန်း ကြို မှာ ထားရက်နဲ့ မ ရ တော့ဘူး ပြော လို့ ဘုန်း ကြီး ကျောင်း မှာ အိပ်နေရတယ်....
______________________________
အောင်သူရ (7-Days Journal) 8-1-2014

( ဟားခါး ချယ်ရီတည်းခိုခန်း)
++++++++++++++++
ဒီကနေ့ အမေစု ခရီးစဉ်က တီးတိန်မြို့ကနေ ဖလမ်း ၊ဟားခါးမြို့ တွေကို ခရီးဆက်ပါတယ်။ ကိုယ်တွေက သတင်းကို ဆိုင်ကယ်နဲ့ လိုက်တာ ။ ကြွားတာမဟုတ်ဘး ဖုန်း ၂ လုံးပါတယ်။ လက်တော့ ၁ လုံးပါတယ်။ တယ်လီတစ်လုံး ကင်မလာတစ်လုံး ဗျာ ။ လမ်းမှာ ဆိုက်ကယ် တစ်ခါ လဲ တယ် ။ ကံကောင်းလို့ မသေဘူး ။ ပါလာတဲ့ သူတွေက တော့ မိုးသူအောင် လို ဖြစ်ပြီ ထင်တာတဲ့။ အဆင် သင့် ဗျ နောက် က ရဲကား ကပ်ပါလာတယ်။ ခပ်တည်တည်ပဲ ရဲကားပေါ်က တက်လိုက်ခဲ့တယ်။ လက်ကတအား နာတယ်။ လှုပ်လို့ သိပ်မရဘူး ။ ဖလမ်း ရောက်တော့ ဆေး ထည့် ဆေးသောက်လုပ်ရတယ်။ နောက် သတင်းကို ချက်ချင်းယူတယ်။ ပထမ က လက်က ကွန်ပြူတာ ရိုက်မရဘူး ။ နောက် နဲနဲခြင်း ရိုက်ကြည့်တယ်။ သတင်း တစ်ပုဒ် ပြီး သွားတယ်။ ဖလမ်းက သတင်း တင်ပြီး မှ ထွက်လာတာ ည ၈နာရီထိုးတော့ ဟားခါးရောက်တယ်။ ကြိုတင်ထားတဲ့ အန်တီသိန်း ဆိုင်မှာ ပူပူနွေးနွေး ထမင်းဟင်းတွေ စားရတယ်။ ( ၀မ္မသူးမောင် ကွင်း အနီးက ဒေါ်ကြီးသိန်း ထမင်းဆိုင်ဟာ မြေပြန့်ကလာတဲ့ သူတွေ အတွက် ခံတွင်းတွေ့ စေပါတယ်။ ) စားပြီးတော့ ကြိုမှာ ထားတဲ့ တည်းခိုခန်း ကို လာခဲ့တယ်။ တည်းခိုခန်းမှာ အမေစု တို့ စီးတဲ့ ကားတွေ တွေ့ရပါတယ်။ ဒါနဲ့ မေးကြည့်တော့ “ အမေစု” တို့လည်း ကျနော် တည်းခိုတဲ့ “ ချယ်ရီ တည်းခိုခန်း ” မှာ အတူတူ တည်းခို ကြတယ်ဆိုတာ သိလိုက်ရပါတယ် ။ ဘာပဲ ဖြစ်ဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တမိုးအောက်ထဲမှာ တည်းခို ရမယ် ဆိုတော့ ၊ နေ့လည်က ဆိုင်ကယ် မှောက်လို့ နာနေတာတွေ ဘယ်ပျောက်သွားမှန်း မသိပါဘူး ဗျာ ။ အဖွင့်မှာ ကြွားခဲ့ပြီး အပိတ်မှာ ပြန်ကြွားအုန်းမယ်။ မနက်ဖြန် နင်တို့ ဘယ်မှာ တည်းလဲ လာမမေး နဲ့ ။ ဖြေပြစ်လိုက်မှာ “ အမေစု တို့ နဲ့ အတူတူတည်းတာ ” လို့ ပေါ့ ။ ........
ချင်းတွင်းကိုကို
ဖလမ်းမှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ၂၇ မိနစ်အကြာမှာ ပြီးဆုံးခဲ့ ပါတယ်။
ပရိသတ်ထဲက တစ်ဦးက ဒေါ်အောင်းစုကြည် လာတာကို ထွက်မကြိုဖို့  မိန့် ခွန်းပြောပွဲတွေ မသွားဖို့ ကို ဌာနဆိုင်ရာ တာဝန်၇ှိသူတွေက ၀န်ထမ်းတွေကို တားသလို ဆရာဆရာမတွေက ကျောင်းသားတွေကို တားတာကို လုပ်သင့်ရဲ့လားလို့ မေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တားဆီတဲ့  သူတွေကို ဖြေရှင်းချက်တောင်းမယ်။ ချင်းပြည်နယ်အစိုးရအပေါ် တရားဝင် ကန့် ကွက်ပါမယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်လို့ ကျမအနေနဲ့ ရာဇ၀တ်မှုလို့ တောင် ထင်မြင်မိပါတယ် လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Author နန်းလွင်
Kumudra

Inga kommentarer:
Skicka en kommentar