အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 9 januari 2014

ကျောင်းသားများ နိုင်ငံရေးမလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကျောင်းသားများ နိုင်ငံရေးမလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NLD ရုံးခန်းရယ်လို့ တဲပုတ်ကလေးတောင် မရှိတဲ့ တောင်ကမ်းပါးဘေးက ချင်းရွာလေးတွေကို ဖြတ်အသွားမှာတောင် .....
ဓါတ်ပုံ - စစ်ငြိမ်းအောင်


The Voice Weekly
ကလေး၊ ဇန်နဝါရီ ၇

ကျောင်းသား လူငယ်များကို နိုင်ငံရေး မလုပ်ရန် ကန့်သတ်ထားမှုကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။
“ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူး ဆိုတာကတော့ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံ မဖြစ်စေချင်တဲ့ လူတွေက ပြောတဲ့ စကားပါ။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ဘူး။ လူငယ်တွေ နိုင်ငံရေး မလုပ်ဘူးဆိုရင် ဘယ်တော့မှ ဒီမိုကရေစီ မထွန်းကားနိုင်ပါဘူး။ အဲဒီတော့ ကျွန်မကတော့ အဲဒါကို လုံးဝလုံးဝ ဆန့်ကျင်ပါတယ်လို့ ပြောကြားလိုပါတယ်” ဟု ၎င်းကဆိုသည်။

တီးတိန်မြို့ ဒေသခံများ၏ ကျောင်းသားများနှင့် ဝန်ထမ်းများ နိုင်ငံရေး လုပ်ဆောင်ရန် ကန့်သတ်ထားမှုနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို မေးမြန်းရာတွင် ထိုသို့ ဖြေကြားခြင်း ဖြစ်ပြီး ကျောင်းသားများ နိုင်ငံရေးနှင့် မပတ်သက်ရန် ပြောကြားမှုကို လုံးဝ သဘောမတူကြောင်း ပြောဆိုခဲ့သည်။

ဝန်ထမ်းများ နိုင်ငံရေးနှင့် မပတ်သက်ရန် ဆိုရာ၌ နှစ်မျိုးရှိကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရဲ့ အလုပ်တာဝန်နှင့် ရာထူး တာဝန်အား အလွဲသုံးစား မပြုလုပ်ရကြောင်း၊ မိမိတို့ အထက်လူကြီး ထောက်ခံသော နိုင်ငံရေးပါတီကိုသာ ထောက်ခံ အားပေးခြင်းများ၊ မဲပေးခြင်း မဖြစ်သင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဌာနအတွင်းမှာ မလုပ်ရဘူး။ ဒါပေမဲ့ အလုပ်ပြင်ပမှာတော့ လုပ်ပိုင်ခွင့်ရှိရမယ်။ အလုပ်ပြင်ပမှာ ပါတီဝင်ချင်လည်း ဝင်ထားနိုင်ရမယ်။ ပါတီ အလုပ်တွေကိုတော့ အလုပ်ခွင်အတွင်းကို မယူခဲ့ရဘူး” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် သုံးမြို့နယ် ခရီးစဉ်တွင် ပထမဆုံးအနေနှင့် တီးတိန်မြို့သို့ ဇန်နဝါရီလ ၇ ရက်နေ့သို့ ရောက်ရှိခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် တီးတိန်မြို့နယ်၊ ဇိုနွမ်းဇန် ကျေးရွာရှိ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) လှူဒါန်းသော မူလတန်းလွန်ကျောင်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲ ၄ နာရီ အချိန်ခန့်တွင် တီးတိန်မြို့၊ စကောလမ်း ရပ်ကွက်ရှိ အားကစားကွင်း၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ရာ ဒေသခံ ၃၀၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။




Inga kommentarer:

Skicka en kommentar