ဒေါ်စုက ဒေါ်စုပဲလေ။ အလွယ်မလိုက်ဘူး။
Phoe Wunna
"ကျမတို့ NLD က အစိုးရဖြစ်လာရင် ပထမဆုံးလုပ်မှာက မြစ်ဆုံစီမံကိန်းကို ခြွင်းချက်မရှိ တဖက်သတ် ထာဝရ ရပ်စဲပြစ်လိုက်ဖို့ဘဲ"လို့ ပြောလိုက်လို့ရပါတယ်။ ဒီလိုပြောလိုက်ရင် တပြည်လုံးက လက်ခုပ်သံတွေ သောသောညံသွားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီကတိနဲ့ ၂၀၁၅ မှာ မဲဆွယ်လို့ သိပ်လွယ်သိပ်ကောင်းဆိုတာလည်း သိတာပေါ့။ ဒါပေမယ့် ဒေါ်စုက ဒေါ်စုပဲလေ။ အလွယ်မလိုက်ဘူး။ အချောင်မနိုက်ဘူး။ အပေါ်ယံမလုပ်ဘူး။ လက်လွတ်စပယ် မပြောဘူး။ မူနဲ့ရပ်တည်တယ်။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ြ့ပီး ဘာပဲလုပ်လုပ် စည်းကမ်းတကျလုပ်တယ်။ အဲဒီလုပ်လို့ အာဏာမရရင်လည်း ကိစ္စမရှိဘူး။ ခံရဲတဲ့ သတ္တိရှိတယ်။ ပြောသင့်သလောက်ကိုတော့ ပြောထားတယ်။ စာချုပ်ပါ အချက်တွေ၊ ကတိကဝတ်တွေကို သေသေချာကြည့်မယ်။ ပြည်သူတွေကိုလည်း ပွင့်ပွင့်လင်းလင်းချပြမယ်။ တရုတ်ဖက်နဲ့လည်း ညှိုနိုင်းပြီး ဖြေရှင်းသွားမယ်လို့ ပြောထားတယ်။ ဒီအချိန်မှာ ဒီလောက်ပြောထားတာ လုံလောက်တယ်။ မူနဲ့ စည်းကမ်းနဲ့လုပ်မယ့်သူဟာ ဒီထက်လည်း ပိုမပြောသင့်ဘူး။
Inga kommentarer:
Skicka en kommentar