အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 4 januari 2014

မကြီး ကိုလုပ်လို့ကိုစိတ်ဆိုးတာ..

မကြီး ကိုလုပ်လို့ကိုစိတ်ဆိုးတာ..




SOE MYAT NANDAR
December 31, 2013
၂၀၁၃ ရဲ့ နောက်ဆုံးနေ့ မှာ ဒီစာကို ရေးပါတယ်.
ချစ်သောပရိတ်သတ် အတွက်ပဲရည်ရွယ်ပါတယ်.
ဘယ်အနုပညာရှင်မဆို ပရိတ်သတ်အထင်အမြင်လွဲမှာကိုစိုးရိမ်ကြတဲ့သူတွေ
ကြီးပါပဲ..ဒါဒါ လဲစိုးရိမ်တတ်ပါတယ်..
အထူးသဖြင့် အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်လို့ ဒါဒါ ရေးတာတွေနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေ ရှင်းရှင်းလင်းလင်း သိရအောင်လို့ပါ..
တချို့တွေကရေးတဲ့ အကြောင်း အရာနဲ့ မပတ်သတ်တဲ့ ကိစ္စ တွေ ထည့်ထည့်ပြောလာလို့ပါ.
ဘယ်သူမဆို နေရာတနေရာကိုရဖို့ဆိုတာကြိုးစားရပါတယ်

အနုပညာရှင်တွေ အားလုံးသိကြပါတယ်..
အကယ်ဒမီပေးပွဲဆိုတာ အနုပညာသည်တွေရဲ့ တန်ဖိုးအရှိဆုံးပွဲပါ..တန်ဖိုးထားရလို့လဲ တက်ချင်ကြလို့လဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှာ လက်မှတ်တကူးတကသွားထုတ်ပြီး သွားကြတာပါပဲ..

ဒါဒါတို့ ငယ်ငယ်ထဲက ထို်င်ခုံဆိုလဲ သူ့ ဝါ နဲ့ သူထို်င်ရတာပါ.တကယ့် ဝါရင့် မင်းသားမင်းသမီး ပညာရှင်ကြီး တွေက ရှေ့ဆုံး..
ပြီးတော့မှဇာတ်ဆောင်အကယ်ဒမီရှင်တွေ..ဇာတ်ပို့ အကယ်ဒမီတွေ ..အဲ့ဒီလိုပဲ ထိုင်ကြတယ်လို့ နားလည်တယ်.ထိုင်လဲထိုင်ခဲ့ရတယ်..

မနှစ်ကတော့ ဝါရင့်သက်ကြီးအနုပညာရှင်တွေ ကသတ်သတ်ထိုင်ပြီး မကြီးတို့ကို ရှေ့တန်းတွေမှာနေရာပေးတယ်.ဒါဒါကမကြီးနဲ့သွားထိုင်တယ်..မနှစ်က ရှေ့ဆုံးဆိုတော့ media တွေတိုးဝှေ့တာခံရလို့လဲ အဲ့ဒါနဲ့ ပတ်သတ်ပြီး status ရေးခဲ့ပါသေးတယ်..

ဒီနှစ်မှာတော့ ပွဲကခမ်းခမ်းနားနားလဲဖြစ်မယ်ဆိုလို့ မကြီးမတက်ဖြစ်တာတောင်သွားချင်လွန်းလို့သွားတာပါ..ဒါဒါ ကမကြီးနေရာမှာထိုင်ပါတယ်..
အစကတော့ သတိမထားမိပါဘူး..
နောက်တော့ မကြီးမပါဘူးလား မေးတဲ့သူတွေ.. မကြီးခုံကဘယ်မှာလဲမေးတဲ့သူတွေ..
ဘာလို့ နောက်မှာဖြစ်နေလဲလို့ မေးတဲ့သူတွေ ကြောင့် ကြည့်လိုက်တော့မှ အကုန်လုံးက ရှေ့မှာ..
မကြီးက ဒါဒါ ထိုင်တဲ့ဘေးမှာ..
ဒါဒါ့ ညီမ စိုးပြည့်သဇင် ဆို နောက်တန်းမှာ..
ဟုတ်ကဲ့ ပုထုဇဉ် ပါ..ဒါဒါ စိတ်ဆိုးတယ်.. ဘာကြောင့်မှ မဟုတ်ဘူး.. ကိုယ့်ကိုလုပ်ရင်တောင် ဘာမှမဖြစ်ဘူး..မကြီး ကိုလုပ်လို့ကိုစိတ်ဆိုးတာ..
ခုံပဲ ဘယ်နေရာထိုင်ထိုင်ပေါ့လို့ ပြောချင်တဲ့သူရှိလိမ့်မယ်..ပြောပါစေ.ဦးဏှောက်နည်းလို့ ပြောတာပြောကြပါစေ..
ငါ့စကားနွားရ ထိုင်ခုံစီတာ မဟုတ်ဘူးဆိုရင်တောင် ဒီလောကသားတွေ ကို ဦးဆောင်တဲ့သူလုပ်နေမှတော့ ဘယ်သူတွေ ဘယ်လိုထိုင်လဲ ဆိုတာကြည့်သင့်တယ်..ပုဂ္ဂိုလ်ရေးဆန်ဆန် လာမပြောနဲ့..ဒါလေးတောင် တာဝန်မယူနိုင်ဘူးဆို ရင် တော့........................
ဒီနေရာ မှာ ဦးမြင့်သိန်းဖေ ဆိုလဲ ဒီလို စိတ်ဆိုးမှာပဲ.
ဦးဇင်ဝိုင်း ဆိုလဲ ပြောမှာပဲ..
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်တယောက်အနေနဲ့ တာဝန်ရှိတဲ့သူကိုမကျေနပ်လို့ပြောတာ..
မဆီမဆိုင် အရင်ကကိစ္စတွေကို မမေ့နိုင်ပဲ ကိုယ်ရေးကိုယ်တာတွေပါထည့်ထည့်ပြောနေကြတာ အံ့သြတယ်..

ပွဲ အစီအစဉ် မကျဘူးဆိုတာကလဲ..
သွားရတာ လာရတာကိုပါ..မပြောရင်သာနေမယ် တခြားအနုပညာရှင်တွေပါ ဒီလိုခံစားရမှာပဲ..
ဝင်ကတည်းက ဘယ်သွားလို့ သွားရမှန်းမသိ..
ပြန်တော့လဲ ရုပ်ရှင်ပြီးသွားလို့ ထပြန်ကြတဲ့ပုံစံ.
ဒါတွေကို အနုပညာရှင်အနေနဲ့ ဝေဖန်ပိုင်ခွင့်မရှိလို့လား..
ကလေးကလား ဆန်တဲ့ တုန့်ပြန်မှုမျိုးတွေကိုတော့ ဒါဒါ က အဖက်မလုပ်ပါဘူး..
"လူတိုင်းမှာသူ့နေရာနဲ့သူ ရှိတယ်.ငါထိုင်ခုံစီတာမဟုတ်ဘူးဆိုတဲ့ ခေါင်းဆောင်ကောင်း မပီသတဲ့အကြောင်းပြချက်နဲ့ လစ်လျူရှုမယ်ဆိုရင်တော့......
ဟုတ်ကဲ့ပါ.. ဒီနှစ်တော့ ထားလိုက်ပါ..
နောက်နှစ်များတော့ ကိုယ့်လောကသားတွေ ဘယ်လိုနေရာမျိုး ဘယ်လိုပုံစံမျိုး နဲ့ ထိုင်ကြလဲဆိုတာကို staffs တွေဆီကနေ seating plan လေး ခဏတောင်းကြည့်ပါ..
ပြန်ကြားရေးဘက်က စီတာဆိုလဲ အနုပညာသည်တွေရဲ့ ခေါင်းဆောင်အနေနဲ့ မသင့်တော်ရင်ဖြေရှင်းပါ..ကာကွယ်ပါ..
ပြီးမှ ဒီနှစ်လိုမိန့်ခွန်းကိုပြောပါ"

စိတ် နဲ့ မတည့်တာကို ပရိတ်သတ်ကိုရှင်းပြတာပါ.
နားလည်မှုလွဲနေမှာစိုးလို့..အနုပညာသည် အနေနဲ့ တာဝန်ယူတဲ့လူကို ပြောတာကလွဲပြီး ဘာစိတ်မှမရှိဘူး..
စိုးမြတ်နန္ဒာ ရဲ့ ဘဝကို စိုးမြတ်နန္ဒာကပဲ ဖန်တီးခဲ့တာပါ..
နှစ်သစ်ကစပြီးပရိတ်သတ်များအားလုံး ဒါဒါ့ လို ပျော်ရွှင် နိုင်ပါစေ.






Inga kommentarer:

Skicka en kommentar