အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 4 januari 2014

စိတ်ပျက်တာများ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးအမတ်မင်းများရယ်

စိတ်ပျက်တာများ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးအမတ်မင်းများရယ်



 Ingjin Naing

“၅၉ (စ) က ကျနော်တို့က ဒီလိုပါ။ သားမက်တွေ၊ ချွေးမတွေကို ဖြေလျှော့ပေးထားတာပေါ့နော်။ ဥပမာဗျာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီး ကြည့်လိုက်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ယောက်ကျားက Michael Aris သူကသေသွားပြီ။ သေသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်က မြန်မာနိုင်ငံအတွက် အန္တရာယ်ဖြစ်အောင် လုပ်နိုင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်။ အဲဒီတော့ သူ့မှာသား ၂ ယောက်ရှိတယ်။ သား ၂ ယောက်က မြန်မာနိုင်ငံသား ခံယူလိုက်ပေါ့။ ဒါဆိုရင် သူက ပြီးသွားပြီ။ သူတို့ရဲ့ ချွေးမတွေရှိတယ်။ ချွေးမတွေကို ဒါကို ဘာမှမဆိုင်ဘူးဆိုပြီး ဖြေလျှော့ပေးလိုက်တယ်။ အခြေခံဥပဒေထဲမှာ။ ချွေးမ ၂ ယောက်က ဘာမှ အကျုံးမ၀င်ဘူးပေါ့ဗျာ။ ဦးမြင့်ဆွေကို ဒုသမ္မတ ပေးမယ်ဆိုတုန်းက သူ့ချွေးမက သြစတြေးလျသူ ဖြစ်လို့ဆိုပြီးတော့ မပေးဘူးလေဗျာ။ တကယ်လို့ Kim Aris နဲ့ Alexander Aris တို့ရဲ့ သူတို့မိန်းမ ၂ ယောက်က ချွေးမတွေက နိုင်ငံခြားသူ ဖြစ်နေတယ်ဆိုရင် ကျနော်တို့ အခြေခံဥပဒေက ခွင့်ပြုမယ်။” (ကြံခိုင် အမတ် ဦးလှဆွေ ရဲ့ ဗီအိုအေမြန်မာပိုင်းကို ပြောဆိုချက်)
-----------------------

အော်အော် ကြံခိုင်ရေးက ပြင်ဆင်လိုတဲ့ အခြေခံဥပဒေတခုပေါ့နော်။ မှတ်သားစရာပဲ။ စိတ်ပျက်တာများ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးအမတ်မင်းများရယ်.....

နိုင်ငံကိုအန္တရာယ်ဖြစ်အောင်လုပ်တဲ့သူဆိုတဲ့အချက်မှာလည်း မိုက်ကယ်လ်အဲရစ်လို နိုင်ငံခြားသားတဲ့လား။ တကယ့်ကို သေးသိမ်တဲ့အတွေးအခေါ်ပါပဲ။ နိုင်ငံဆိုတဲ့ မြန်မာပြည်သူတွေပိုင်တဲ့တိုင်းပြည်ကို အန္တရာယ်ပေးခဲ့တာ၊ အများပြည်သူဒုက္ခ သောကတွေရောက်ခဲ့တာဟာ န၀တ/နအဖ စစ်အုပ်စုနဲ့သူတို့ရဲ့ လက်ပါးစေတွေကြောင့်ပါပဲ အမတ်မင်းရယ်။

မြန်မာနိုင်ငံမှာ မွေးဖွားသူမှန်သမျှ မည်သူမဆို သမ္မတဖြစ်ခွင့်ရှိသည်ဆိုတဲ့အချက် တခုနဲ့တင်လုံလောက်ပါတယ်။ နိုင်ငံခြားသားနဲ့လက်ထပ်လို့ သမ္မတဖြစ်ခွင့်မရှိဘူးတို့၊ သားသမီးတွေက အခြားနိုင်ငံသားအဖြစ်ခံယူထားလို့ သမ္မတဖြစ်ခွင့်ရှိဘူးတို့ဆိုတာ လူ့အခွင့်အရေးထွန်းကားလာတဲ့ ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ မရှိသင့်တော့တဲ့အကန့်အသတ်တခုလိုမြင်ပါတယ်။





Inga kommentarer:

Skicka en kommentar