ကိုယ်ဝန်ဆောင်ကာလမှာ လိင်ဆက်ဆံရတာကို နှစ်သက်တဲ့ Britney Spears က သမီးလေးတစ်ယောက်လိုချင်တယ်လို့ပြော
Work Bitch သီချင်းရဲ့ငွေကြယ်ပွင့်မှာ သူ့ရဲ့ခင်ပွန်းဟောင်းဖြစ်သူ Kevin
Federline နဲ့ Sean Preston (၈နှစ်)၊ Jayden James (၇နှစ်)ဆိုတဲ့
သားနှစ်ဦးထွန်းကားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ကိုယ်ပွားလေးတစ်ယောက်ဖြစ်လာမယ့်
သမီးတစ်ယောက်ကို လိုချင်နေတာဖြစ်ပါတယ်။
“ကျွန်မတကယ်ပဲ နောက်ထပ်ကလေးယူချင်ပါတယ်။ မိန်းကလေးတစ်ယောက်လေ။
ကျွန်မရဲ့ကိုယ်ပွားလေးဖြစ်လာလိမ့်မယ်လို့ထင်တယ်။
ကြောင်တောင်တောင်နိုင်လိမ့်မယ်လို့ထင်တယ်” လို့ InStyle
မဂ္ဂဇင်းကိုပြောပါတယ်။
“လောကကြီးမှာကျွန်မနောက်ထပ် အထီးကျန်မှုကိုမခံစားရတော့ဘူးပေါ့။ ကျွန်မလိုပဲ
ဒုတိယလူတစ်ယောက် ဖြစ်လာဖို့ကျွန်မဆန္ဒရှိပါတယ်” လို့ပြောပါတယ်။
Britney ဟာသူနဲ့အရင်ကစေ့စပ်ထားခဲ့သူ Jason Trawick
နဲ့ဇန်န၀ါရီလမှာပြတ်ဆဲခဲ့တာဖြစ်ပြီး လက်တလောမှာတော့ David Lucado
နဲ့တွဲနေတာဖြစ်ပါတယ်။
Britney ကကိုယ်ဝန်ရှိနေတုန်းကာလမှာ လိင်ဆက်ဆံရတာကိုနှစ်သက်ကြောင်းပြောပါတယ်။
“ရှင့်ရဲ့ခန္ဓာကိုယ်ကို အလေးထားနေတဲ့ကာလမှာ ဖြစ်သင့်ပါတယ်။
ကျွန်မကိုယ်ဝန်ဆောင်ရတာကို ကြိုက်တဲ့အကြောင်းပြချက်များစွာရှိပါတယ်။
အဲဒီ့အချိန်မှာ လိင်ဆက်ဆံရတာမိုက်တယ်ဆိုတာကိုတော့
ပြောစရာတောင်လိုမယ်မထင်ဘူး” လို့ပြောပါတယ်။
၃၂နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ အကြံအဥာဏ်တောင်းခံနိုင်တဲ့ အမျိုးသမီးကလေးအမေသူငယ်ချင်းတွေကို ပိုပြီးလိုချင်ပါတယ်။
“မိခင်တစ်ယောက်အနေနဲ့ကတော့ ဒီလိုအခြေအနေတွေကြုံနေရပြီး ဘာတွေဖြစ်နေတာလဲ၊
ပုံမှန်ရောဟုတ်ရဲ့လား၊ အပြောင်းအလဲတစ်ခုလား၊
ဒါမှမဟုတ်ရင်ဘာကြီးလဲလို့တွေးမိမှာပဲ။ ပြီးရင်တော့မေးခွန်းတွေအတွက်
မိုက်မဲတယ်လို့ခံစားမိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါကအမေတစ်ယောက်ပဲ။
ဒါတွေကို ငါသိထားသင့်တယ်။ ဒါပေမယ့်ငါမသိဘူး လို့ခံစားရလိမ့်မယ်။
ရှင်ကလူသားတစ်ယောက်ပဲလေ။ ရိုးရိုးသားသားပြောရရင်တော့ ဒီထက်ပိုပြီး
ကလေးအမေသူငယ်ချင်းတွေရှိချင်တယ်” လို့ပြောသွားပါတယ်။
မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar