အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

ရန်ကုန်နှင့် တနင်္သာရီ၌ တောင်ကိုရီးယား၊ ထိုင်းတို့နှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ရန်ကုန်နှင့် တနင်္သာရီ၌ တောင်ကိုရီးယား၊ ထိုင်းတို့နှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်


ရန်ကုန် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် တနင်္သာရီလေအား လျှပ်စစ်စီမံကိန်းနှစ်ခုတို့အား တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ်အတွင်းအပြီး တည်ဆောက် သွားမည်ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။
”ရန်ကုန်ကို အပြည့်အဝ ဓာတ်အားပေးဖို့နဲ့ သီလဝါ စက်မှု ဇုန်ကို ပေးဖို့အတွက် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၅ဝဝ မဂ္ဂါဝပ် အထိ ထုတ်နိုင်တဲ့ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံ ထပ်တည်ပါမယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ကို တောင်ကိုရီးယားနိုင်ငံနှင့် ပူး ပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး တည် ဆောက်ရန်   နေရာအတွက် လက်ရှိ တွင် လှိုင်သာယာ၊ သာကေတနှင့် သီလဝါတို့၌ စမ်းသပ်စစ်ဆေး တိုင်း တာမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆက်လက်ပြောသည်။ လက်ရှိ၌  မြန် မာနိုင်ငံ၏ ဓာတ် အား သုံးစွဲမှုအများဆုံး ဧရိယာမှာ ရန်ကုန်ဖြစ်ပြီး တစ်နှစ်လျှင် မဂ္ဂါဝပ် ၇ဝဝ သုံးနေရကြောင်း၊ တစ်နှစ် တစ်နှစ်လျှင် သုံးစွဲမှုနှုန်းမှာ အနည်း ဆုံး ၁၅ ရာခိုင်နှုန်းတက်လာနိုင် သည်ဟု လေ့လာဆန်းစစ်၍ ရနေသည့်အတွက် ၂ဝ၁၅ တွင်ရန်ကုန်မှ လိုအပ်ချက်မှာ မဂ္ဂါဝပ် ၁ဝဝဝ အထိ ရှိလာနိုင်ကြောင်းပြည်ထောင်စုဝန် ကြီး က ရန်ကုန်၏လျှပ်စစ်ဓာတ်အား လို အပ်ချက်ရှိလာနိုင်မှုကို ရှင်းပြသည်။ပြည်ထောင်စုဝန်ကြီးကပင် ”နိုင်ငံတော်သမ္မတကမှာထားပါတယ်။ ရေအားလျှပ်စစ်ကို ရေ အာင် ဆွဲချ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံမျိုးပဲတည် ထားပါတယ်။ဒါကသဘာဝပတ်ဝန်း ကျင်ကို အနှောင့်အယှက် မပေးတဲ့ အပြင်နေရာလည်း သိပ်မယူပါဘူး” ဟု ထပ်မံ   ဖြည့်စွက်ကာ ပြောသည်။ထိုင်းနိုင်ငံနှင့် မဖြစ်မနေ ပူး ပေါင်းလုပ်ဆောင်မည်ဆိုသည့် တနင်္သာရီ လေအားလျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ပိုလျှံသည်ကိုသာ ထိုင်းနိုင် ငံသို့ ရောင်းချသွားမည်ဟု အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။ပထမအဆင့် မဂ္ဂါဝပ် ၂၅ဝ အထိ ထုတ်လုပ်မည့် လေအားလျှပ်စစ်စီမံ ကိန်း(တနင်္သာရီ) အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင် တို့၌ ယင်းကဲ့သို့ တည်ဆောက်ရန် သုတေသနများ ပြုလုပ်နေကြောင်း လည်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ လျှပ်စစ်ထုတ်လုပ်ရာ နေရာ အသီးသီးတို့မှ တစ်နှစ်လျှင် ဓာတ်အား ထုတ်လုပ်မှုမှာ ၈၃၉၇ ယူ နစ်သန်းပေါင်းရှိနေပြီး တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲနိုင်မှု အချိုးမှာ ၂၂ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း တရားဝင်ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။
မင်းသုအောင်

                                               မြူနှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar