အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 december 2013

သတင်းထောက်ကဒ်ပြားတွေ ဆွဲ..ဖင်ကြားထဲ ချွေးကျအောင် ပြေးခဲ့ကြတဲ့ည

သတင်းထောက်ကဒ်ပြားတွေ ဆွဲ..ဖင်ကြားထဲ ချွေးကျအောင် ပြေးခဲ့ကြတဲ့ည

(Post By - အဘ ဇိုးအောင် ရင်) လုလင်လေး မှူး .... မှ

မြန်မာ - အင်ဒို ဘောလုံးပွဲစဉ် အပြီးမှာ ရဲတွေနဲ့ ဘောလုံးပရိသတ်တွေအကြား ပဋိပက္ခပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ် ... တစ်ဖက်က ခဲတွေနဲ့ ပေါက် .. ရဲတွေကလည်း ပြန်ခုခံ ... နောက်ဆုံး ရဲတွေ အင်အားများလာတဲ့အချိန်မှာ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ် ... ရဲအင်အားနဲ့ ဆူပူတဲ့ လူထုတွေအပေါ် အင်အားသုံး နှိမ်နှင်းတဲ့အချိန်မှာ .. ရဲတွေဟာ မြင်မြင်သမျှ ကို အင်အားသုံးပြီး ရိုက်တော့တာပဲ ..သတင်းထောက်တွေအပါအ၀င်ပေါ့ MRTV 4 ကသတင်းထောက်ဆို ရဲတွေ ၀ိုင်းကန်ကြတာ ... သူ့ခမျာ ကြောက်အားလန့်အားနဲ့ တွေ့တဲ့ လမ်း ၀င်ပြေးမိတာ .. ပြေးမိတဲ့လမ်းတစ်ဖက်က ပြည်သူတွေက ဒုတ်တွေ ခဲတွေနဲ့ စောင့်နေတယ် ... သူ့ခမျာ ရဲဖက်လည်း ပြန်ပြေးရင်လည်းအရိုက်ခံ၇မယ်.. ပြည်သူ့ဘက် ပြေးရင်လည်း အရိုက်ခံရမဲ့ အခြေအနေမှာ ပြေးပေါက် ပိတ်နေမိတယ် ... ကျတော် ပြေးမိတဲ့ဘက်မှာတောင် .. လွတ်ပြီ ထင်ခဲ့ပေမဲ့ .. ရဲတွေက ငါ့တို့ စည်းကို မကျော်နဲ့ .. ကျော်ရင် ကျော်တဲ့ ကောင်ရိုက်မှာပဲ လှမ်းအော်တယ် .. ကျတော်တို့ လမ်းတစ်ဝက်မှာ ပြေးနေတဲ့ ခြေလှမ်းတဲ့ ရပ်သွားတယ် .. ကျတောတို့ ဘ၀ သွားပြီ ... ခေါင်းကို ခဲ မှန်သွားတဲ့ သတင်းထောက် Hong Sar Wadee နဲ့ ကင်မရာခဲမှန်ပြီး ကင်မရာ ပျက်သွားတဲ့ MRTV က သတင်းထောက်အပါအ၀င် နိုင်ငံခြားသတင်းထောက်တွေ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိ ပြေးပေါက်ပိတ်နေခဲ့ပြီ .. လူထု ဘက်ပြေးရင်လည်း တုတ်နဲ့ ၀ိုင်းရိုက်မဲ့အခြေအနေ.. ရဲဘက်ပြေးရင်လည်း အုပ်စုလိုက် နံပါတ် တုတ်နဲ့ ၀ိုင်းရိုက်ပြီး .. မြေကြီးပေါ် တရွှတ်တိုက် ဆွဲပြီး လက်ထိပ်ခတ်မဲ့အခြေအနေ .. အဲ့အချိန်မှာ ကျတော်တို့ သတင်းထောက်ပါလို့ အော်ပြောလည်း ဘယ်သူမှ လက်မခံတော့ဘူး .... ဒါပေမဲ့ တစ်ခု ကံကောင်းသွားတယ် .. ကျတော်တို့ သတင်းထောက်အချင်းချင်း လူစုပြီး .. နောက်ဆုတ် ကြ .. နောက်ဆုတ်ကြ .. လွတ်တဲ့လမ်းကို ပြေးကြ .... သတင်းထောက်ကဒ်ပြားတွေ ဆွဲထားကြ အော်ပြောပြီး ပြန်ဆုတ်ခဲ့ကြတယ် .. မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်အပြည့်နဲ့ပဲ .. ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာတော့ ဒီချိန်မှာ ထောက်မပြချင်တော့ဘူး ..............
ကျတော်တို့ ဖင်ကြားထဲ ချွေးကျအောင် ပြေးခဲ့ကြတဲ့ည .. အဲ့ညက .......... အိမ်ရှင် မြန်မာ နဲ့ အင်ဒိုနီးရှား ဘောလုံးပွဲစဉ် ည ............. ။





Inga kommentarer:

Skicka en kommentar