နိုင်ငံတော်အလံကို မီးရှို့တာနိုင်ငံချစ်စိတ်၊ ဘောလုံးချစ်စိတ်နဲ့မီးရှို့ခဲ့လို့ ဖမ်းဆီးထားသူများပြန်လွှတ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဘောလုံးကွင်းတွင် ဒီဇင်ဘာ ၁၆ ရက်ညက မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အင်ဒိုနီး ရှားလက်ရွေးစင်ဘောလုံးအသင်း ကို ရှုံးနိမ့်ခဲ့သည့်အတွက်ကြောင့် ပွဲကြည့်ပရိသတ်များ ၀မ်းနည်း ကြေကွဲကာ နိုင်ငံအလံမီးရှို့သည် အထိဖြစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၉ ဦးကို အဆိုပါနေ့ ည ၁၀ နာရီ ခန့်တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနိုင်ငံ ချစ်စိတ်ဘောလုံးချစ်စိတ်အခြေခံ ၍ ပြစ်မှုကျူးလွန်မိသည်ဟု သုံး သပ်၍ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ပြန် လည်လွှတ်ပေးခဲ့ကြောင်း သိရ သည်။
မြန်မာလက်ရွေးစင်ဘောလုံး အသင်းသည်အုပ်စုနောက်ဆုံးပွဲ စဉ်ဖြစ်သည့်အင်ဒိုနီးရှားလက်ရွေး စင်ဘောလုံးအသင်းကို သရေ ကစားရုံဖြင့် အုပ်စုအောင်နိုင်မည် ဖြစ်သော်လည်း ပင်နယ်တီဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရသည့်အတွက် တစ်ခဲ နက်အားပေးနေခဲ့သော မြန်မာ ပြည်သူသန်းပေါင်းများစွာကို ၀မ်း နည်းကြေကွဲစေခဲ့ကြောင်း၊အဆိုပါ ၀မ်းနည်းမှုကြောင့်ပွဲကြည့်ပရိသတ် အချို့စိတ်မထိန်းနိုင်ကာ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြောင်း၊ ပွဲပြီးချိန် တွင် ကွင်းအတွင်းသို့ ခုန်ဆင်း လာသော ပရိသတ်အချို့နှင့် ပြစ် မှုကျူးလွန်သူ ပရိသတ်အချို့ကို သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရ သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မစခန်းမှူးကိုမေး မြန်းရာ ““သူတို့အနေနဲ့ ပြစ်မှုကျူး လွန်တာမှန်ပေမဲ့ တမင်ကျူးလွန် တာမဟုတ်ဘဲ ဘောလုံးပွဲရှုံးတဲ့ အတွက်ကြောင့် နိုင်ငံတော်ချစ် တဲ့စိတ်၊ ဘောလုံးချစ်စိတ်ကို အခြေခံပြီး မျိုးချစ်စိတ်ဓာတ်ပြင်း ထန်ပြီး ဒီလိုကျူးလွန်ခဲ့မိတယ်လို့ လူကြီးတွေက သုံးသပ်ပြီး ဆင့်ကဲ ဆင့်ကဲအထက်ကို တင်ပြခဲ့တယ်။ ဒီနေ့ ၁၇ ရက် ညနေ ၆ နာရီ လောက်မှာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်နဲ့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးမြင့်အေးတို့က ပြစ် မှုကျူးလွန်သူတွေနဲ့ သူတို့မိဘ တွေကို တွေ့ဆုံပြီး နောက်နောင် ဒီလိုမကျူးလွန်ဖို့ သတိပေးဆုံးမ ပြီးပြန်လွှတ်ပေးလိုက်ပါတယ်”” ဟု ဒုရဲမှူးသိန်းဟန်က ဆိုသည်။
ယင်းပြစ်မှုကျူးလွန်သူ ၉ ဦး မှာ ညီညီအောင် (ခ) ညီညီ၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန့် ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့ဖြစ်ကြောင်း၊ ၎င်းင်း တို့သည်ပြစ်မှုကျူးလွန်ခဲ့သည်မှာ အမှန်တကယ်ဖြစ်သော်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အခြေခံသောကြောင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ညီညီအောင်
http://www.hotnewsweekly.com/node/1190
နော်အုန်းလှတို့အတွက်ဝမ်းမြောက်ဖွယ်ရာသတင်းစကားပါပေပဲနော်
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar