ရန်ကုန်ပြည်ခိုင်ဖြိုး ရုံးချုပ်နေရာ ကျပ်ဘီလီယံ ၄၀ ကျော်ဖြင့်ရောင်းချခဲ့ကြောင်း သတင်းထွက်ပေါ်
| ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်။ ဓာတ်ပုံ - ဖြိုး(ဘူမိ) |
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး အား ရန်ကုန်တိုင်းမ်မှဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန်မ ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။ ဦးဌေးဦးက ''အဲဒါပြည်သူ အတွက်လဲ အကျိုး မရှိ ပါဘူး။ ရောင်းလို့ရှိရင်လဲ ပြည်သူအတွက် ဘာဖြစ်လဲ။ တစ်ခုတော့ ရှိတာ ပေါ့။ ပါတီတွေငွေရှိလာရင်တော့ ပြည်သူအတွက် အလုပ်အကျွေး ပိုပြုနိုင်တာပေါ့။ ဒီဥစ္စာနဲ့ပတ် သက်ပြီးတော့ ကျွန်တော်ဘာမှ လဲ မပြောချင်ဘူး။ ပြောရမယ့် အလုပ်လဲ မဟုတ်ဘူးလို့ ကျွန်တော် မြင် တယ်''ဟု ရန်ကုန်တိုင်းမ်၏မေးမြန်းမှုအား ပြန်လည်ဖြေကြား သည်။
ပါတီပိုင်ဆိုင်သည့်ပစ္စည်း များအားရောင်းချခြင်းမှာ ပါတီ ၏ သဘောဆန္ဒသာဖြစ်ကြောင်း၊ လူထု၏ သဘောထားရယူဆောင် ရွက်ရမည့် ကိစ္စတစ်ခု မဟုတ် ကြောင်း၊ ပါတီ၏ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများမှာ တစ်ဦး တစ်ယောက်တည်း လုပ်ဆောင်၍ ရသည့်ကိစ္စများမဟုတ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ ''ရောင်းတယ် ဝယ်တယ် ဆိုတဲ့ကိစ္စတွေက ဒီကိစ္စနဲ့မဆိုင် ပါဘူး။ သီးခြားပြဿနာတွေပါ။ ဘာပဲလုပ်လုပ် ကျွန်တော်တို့ဆီ ကတော့ အဖွဲ့အစည်းနဲ့လုပ်ပါ တယ်။ အကုန်လုံး ရဲ့အဖွဲ့အစည်း ရဲ့ စုပေါင်းဆုံးဖြတ်ချက်နဲ့ လုပ် တာပါ။ တစ်ဦးတစ်ယောက်တည်း ရဲ့သဘောနဲ့ ဘယ်သူမှမလုပ်ကြ ပါဘူး။ အဲဒီတော့မလိုရင်ရောင်း မှာပဲ။ လိုမယ်ဆိုရင် ကျွန်တော် တို့ထားမှာပဲ။ ဒါပါပဲ။ ဒါနဲ့ပတ် သက်လို့ ကျွန်တော် တို့ ဘာမှမ ပြောချင်ပါဘူး။ ပြောတဲ့လူတွေ ပြောတာလဲ မဝေဖန်ချင်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းပါတီ၏ အကြံပေးတစ်ဦး ဖြစ်သူ ဦးကျော်ဟိုးက နေပြည် တော်ရုံးချုပ်မှ ဆောင်ရွက်သည့် ကိစ္စဖြစ်ကြောင်း၊ မည်သည့်ငွေ ကြေးအတိုင်းအတာဖြင့် မည် သည့်အဖွဲ့အစည်းထံသို့ ရောင်း ချသည်ကိုမသိရှိကြောင်း ပြော ဆိုသည်။
လင်းအောင်
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar