အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 8 december 2013

လမျက်နှာပြင်တွင် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးသွားရန် နာဆာအဖွဲ့ စီစဉ်လျက်ရှိ

လမျက်နှာပြင်တွင် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးသွားရန် နာဆာအဖွဲ့ စီစဉ်လျက်ရှိ


လ၏ မျက်နှာပြင်သည် မြေဆီသြဇာ ကောင်းမွန်လျက် ရှိခြင်းကြောင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီစဉ်လျက် ရှိကြောင်း အမေရိကန် အာကာသ အေဂျင်စီ (နာဆာ) အဖွဲ့ က ထုတ်ဖော် ပြောကြားခဲ့သည်။

စမုန်နီ၊ မုန်လာဥနှင့် ပင်စိမ်းကဲ့သို့ အပင် အမျိုးမျိုးကို အထူးစီမံ ပြုလုပ်ထားသော အိမ်ငယ်များအတွင်းတွင် စိုက်ပျိုး သွားနိုင်ဖွယ်ရှိ ပြီး ၎င်းသီးနှံ ပင်များသည် လကမ္ဘာ၊ အင်္ဂါဂြိုဟ် သို့မဟုတ် နေစွမ်းအင် အဖွဲ့အစည်းအတွင်းရှိ အခြားနေ ရာများတွင် အသက်ရှင်နေထိုင် လျက်ရှိသော အာကာသ ယာဉ်မှူး များအတွက် တစ်နေ့တာ လိုအပ်သော အာဟာရဓာတ်နှင့် အစား အစာများကို ဖြည့် ဆည်းပေးနိုင် ဖွယ်ရှိကြောင်း နာဆာအဖွဲ့က ပြောကြားထားသည်။

အာကာသ အတွင်းရှိ အာကာသ ယာဉ်မှူးများအတွက် အသင့်စား အစားအစာ များသည် အာဟာရ အရင်းအမြစ် တစ်ခုဖြစ်သော်လည်း ၎င်းအစား အစာများသည် လျင်မြန်စွာ ပုပ်သိုးသွား တတ်ကြောင်း၊ ထို့ကြောင့် လတ် ဆတ်သော အစားအစာများကို စားသုံးနိုင်ရန် အတွက် လမျက်နှာပြင် ပေါ်တွင် အပင်များ စိုက်ပျိုးရန် နာဆာ အဖွဲ့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့မှသာ အာကာသယာဉ်မှူးများ အနာဂတ်တွင် ပိုမိုအသက် ရှင် နေထိုင်နိုင် မည် ဖြစ်ပြီး ပျော်ရွှင်မှုများ ရရှိမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ထုတ်ဖော် ပြောကြား ထားသည်။

Ref & Credit : Opposite Eye

thefreenote
 
                                                                      မြူ နှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar