အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 10 december 2013

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။

““မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။ နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို  မှာကြားခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းမင်းသား Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak  ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်းနှင့်အတူ ဘတ်စကက်ဘော၊      စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား  ဝေမျှပေးခဲ့သည်။

ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

7day Daily 


                                                       မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar