အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 10 december 2013

ရာထူးက ဆင်းပေးဖို့ ယင်လတ် ပယ်ချ

ရာထူးက ဆင်းပေးဖို့ ယင်လတ် ပယ်ချ


ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်က ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သူမကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အနေနဲ့ လမ်းမတွေပေါ်ကနေ ဖယ်ရှားပေးဖို့ မစ်ယင်လတ်က စိတ်လှုပ်ရှားစွာနဲ့ ပြောကြားသွားခဲ့ပါတယ်။

သူမ အနေနဲ့ တတ်နိုင်သမျှ လိုက်လျောမှုတွေ လုပ်ဆောင်ပေးခဲ့ပြီးပြီ လို့လည်း သူမက ပြောကြားသွားပါတယ်။

လူပေါင်း ၁ သိန်းခွဲလောက်ဟာ မနေ့တုန်းက အစိုးရရုံးတဝိုက် စုရုံး ဆန္ဒပြနေကြပြီး မစ်ယင်လတ် မိသားစုအနေနဲ့ ထိုင်း နိုင်ငံရေးကနေ စွန့်ခွာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သီတင်း ၂ပတ်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မစ်ယင်လတ် က ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ခေါ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



                                                              မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar