(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ မြင်းစီး အားကစား ယှဉ်ပြိုင်မည့် ထိုင်းဘုရင် မြေးတော် ရောက်ရှိ
ဒီဇင်ဘာလ ၉ရက် ၂၀၁၃ခုနှစ်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြင်းစီး အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းဘုရင်မြေးတော် မင်းသမီး Sirivannavari Nariratana သည် ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ မြန်မာ့ အားကစား အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mr. Pisanu Suvanajata တို့က ကြိုဆို နှုတ်ဆက် ကြသည်။
ထိုင်းဘုရင် မြေးတော် မင်းသမီးသည် မြင်းစီး အားကစား ပြိုင်ပွဲ၊ အလှစီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar