အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 11 december 2013

ပုလောမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် ဈေးပွဲတော်

ပုလောမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် ဈေးပွဲတော်

ပုလောမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို နတ်တော်လတွင်ကျင်းပနေခဲ့သည်မှာ (၅-၆)နှစ်ခန့်ကြာခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်လည်း နတ်တော်လတွင်သာကျင်းပမည်ဖြစ်ပါသည်။ ၎င်းဘုရားပွဲတော်မတိုင်မီ မည်သည့်ပွဲမျှ လုပ်ရိုးထုံးစံမရှိခဲ့ပါ။ သို့သော် ယခုနှစ်တွင် ဈေးပွဲတော်တာဝန်ခံများက ပွဲတော်မတိုင်မီဈေးပွဲတော် ကျင်းပရန် အပူတပြင်းလုပ်ဆောင်လျက်ရှိနေသည့်အတွက် ဘုရားဂေါပကအဖွဲ့များနှင့် သက်ဆိုင်ရာ ပွဲကျင်းပရေးအတွက် ပါမစ်ပေးခွင့်လူကြီးများမှ များစွာစိတ်သောကရောက်လျက်ဖြေရှင်းနေရပါသည်။ ဘုရားပွဲမတိုင်မီ ဈေးပွဲတော်ပါမစ်ပေးလိုက်ပါက ဘုရားပွဲတော်တွင် စည်ကားသိုက်မြိုက်မှုနည်းပါးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဈေးပွဲတော်အား ယုံနှစ်တွင် လုံးဝကျင်းပခွင့် ပြုတော့မည်မဟုတ်ကြောင်း အတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါသည်။

မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar