အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 10 december 2013

ဗြိတိန်ရှိ ခေတ်သစ်စုံတွဲများ၌ နှစ်ကိုယ်တူ ချစ်ကြည်နူးမှုနှုန်း သိသာစွာ ကျဆင်း လာစေသည့် အချက်များ

ဗြိတိန်ရှိ ခေတ်သစ်စုံတွဲများ၌ နှစ်ကိုယ်တူ ချစ်ကြည်နူးမှုနှုန်း သိသာစွာ ကျဆင်း လာစေသည့် အချက်များ

ဗြိတိန်နိုင်ငံအမျိုးသား ကျန်းမာရေးနှင့် ဘ၀နေထိုင်မှုပုံစံလေ့လာရေးဌာနမှတွေ့ရှိချက်အရ ဗြိတိန်ပြည်သူများ လိင်ကိစ္စ၌ စိတ်ဝင်စားမှုမှာလွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကထက် သိသာစွာနည်းလာကြောင်း ထောက်ပြခဲ့သည်။

အသက် ၁၆ မှ ၄၄ ကြားအရွယ်ရောက်ပြီးသူများအား လေ့လာခဲ့ရာ ပျှမ်းမျှအားဖြင့် တစ်လလျှင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်ထိသာ လိင်ဆက်ဆံလေ့ရှိပြီး ၁၉၉၀ -၁၉၉၁ မှ စစ်တမ်းများနှင့် ၁၉၉၉-၂၀၀၁ မှ စစ်တမ်းများထက်  သိသာ စွာနည်းလာကြောင်း တွေ့ရသည်။

နာမည်ကျော် Lancet  ဆေးပညာဂျာနယ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Dr. Cath Mercer  က ယင်းကဲ့သို့ ဖြစ်လာရခြင်းမှာ လူများက ပိုက်ဆံနှင့်အလုပ်အပေါ် စိုးရိမ်ပူပန်မှုများ ပိုများလာသောကြောင့် ဖြစ်သည်ဟု တင်ပြခဲ့သည်။

ထို့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကလည်း ခေတ်သစ် စုံတွဲများအား နှစ်ကိုယ်ရည်ချစ် ကြည်နူးမှုမှ အာရုံပျက်စေသည်ဟု ဆိုခဲ့သည်။

ယမန်နှစ်က လေ့လာမှု စစ်တမ်းများအရ စစ်တမ်း၌ ပါဝင်သူ ၅၄%ခန့်မှာ နှစ်ကိုယ်တူချစ်ကြည် နူးရန်ထက် အစားအသောက်ကိုသာ ပိုမိုစိတ်ဝင်စားနေကြောင်း တွေ့ ရသည်။

အပိန်လေး
ref:Netdoctor.co.uk

                                                                        မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar