အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 10 december 2013

ဝူရှူး သုံးရက်ဆက် ရွှေရသူ ဝေဖြိုးအောင်ကို မွေးရေဝန်ကြီး ဝတ်လာသည့် အိုမီဂါနာရီ ဆုချ

ဝူရှူး သုံးရက်ဆက် ရွှေရသူ ဝေဖြိုးအောင်ကို မွေးရေဝန်ကြီး ဝတ်လာသည့် အိုမီဂါနာရီ ဆုချ

နေပြည်တော်၊ ဒီဇင်ဘာ ၉

ဝူရှူး အားကစားနည်းကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ (အေ) တွင် ဒီဇင်ဘာ ၉ ရက်နေ့က ဆက်လက် ကျင်းပခဲ့ရာ ထောက်လု အမျိုးအစား (Nando) အမျိုးသားတစ်ဦးချင်း အပြပြိုင်ပွဲတွင် ဝေဖြိုးအောင်က ရွှေတံဆိပ် ထပ်မံရရှိခဲ့သောကြောင့် သုံးရက်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်းကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်က ကျပ် ၁၀ သိန်းနှင့် ၎င်းလက်တွင် ဝတ်ထားသည့် အိုမီဂါ နာရီကို ဆုအဖြစ် ချီးမြှင့်ခဲ့သည်။

ယင်းကစားသမားသည် ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် ထောက်လု အမျိုးအစား (Duilian) နှစ်ယောက်တွဲ အလှပြအတိုက် ပြိုင်ပွဲတွင် ကျော်ဇင်သစ်နှင့်အတူ ရွှေတံဆိပ်၊ ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် (Nanquan) တစ်ဦးချင်း လက်နက်မဲ့ အပြပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု တို့ကို ရရှိခဲ့သည်။

ယင်းကြောင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရတနာပုံ ယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာ စိုင်းစံထွန်းကလည်း ၎င်းကို ဆုငွေကျပ် သိန်းငါးဆယ်ကို ဆုအဖြစ် ချီးမြှင့်ခဲ့သည်။

The Voice Weekly

မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar