အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 december 2013

မိုးစက်ဝိုင်နဲ့ ဖိုးလပြည့် (သို့ ) အလန်းဇယား အသစ်စက်စက်များကို ခုံမင်သူ

မိုးစက်ဝိုင်နဲ့ ဖိုးလပြည့် (သို့ ) အလန်းဇယား အသစ်စက်စက်များကို ခုံမင်သူ





မိုးစက်ဝိုင် ဆိုတာ လတ်လတ် ဆတ်ဆတ် Miss Universe Myanmar 2013 သရဖူဆောင်းထားသူလေးပါ။ ဒီကနေ့ သူ လေးကို တက္ကသိုလ်များ ချန်ပီယံ လိဂ် ဖွင့်ပွဲ အခမ်းအနားမှာ ရှင်ဘုရင်ရူးကြီး အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေးတော် နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် ခေါ် စိန်မျောက်မျောက် ဆိုတဲ့ သူရဲ့ ပြိုင်ကားလေးနဲ့ အတူ ပရိသတ်က မြင်လိုက်ကြရပါတယ်။

ဒီကနေ့ ဖွင့်ပွဲမှာ မိုးစက်ဝိုင်လေးကို ကွင်းဖွင့်ပွဲ အရောက်ခေါ်လာမယ်ဆိုပြီး Universities Champion League ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကြိုတင်ပြီး အသိပေးထားတာပါ။

ဖွင့်ပွဲမှာ ဖိုးလပြည့်ရဲ့ ပြိုင်ကားပေါ်မှာ မိုးစက်ဝိုင်က ဘောလုံးကွင်းတပတ် ပတ်ပြီး ဆုဖလားကို သယ်
ဆောင် လာကာ ဖွင့်ပွဲ အခမ်းအနားကို စတင်လိုက်ကြတာပါ။
ချက်ချင်းဆိုသလိုပဲ ဖိုးလပြည့်ရဲ့ ငယ်ပေါင်းကြီးဖော်တွေ၊ ဘောလုံးပရိသတ်တွေနဲ့ အခြားစိတ်ဝင်စား သူတွေ ရဲ့ ပါးစပ်ဖျား မှာ စကားတခွန်းက ချက်ချင်း အန်ကျ မှတ်ချက်ပေးလာကြပါတယ်။

"ဖိုးလပြည့်တို့ကတော့ အခုထိလည်းမြန်မာပြည်က တကယ့် ထိပ်တန်း အလန်းဇယား အသစ်စက်စက် ကလေးတွေကိုမှ ???????????"""" တဲ့။

အဘိုးရဲ့ အာဏာ အခုထိ ရှိနေတုန်းဆိုတာ ဖိုးလပြည့်က လူမြင်ကွင်းကို ထပ်တိုးပြသလိုက်တာလည်း ဖြစ် ပါ သတဲ့။


အာဏာရှင်ဆန့်ကျင်သူ မြန်မာများက မဲမပေးခြင်းကြောင့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် မိုးစက်ဝိုင် People's Choice Award ဆု မရ said...


မော်စကိုမြို့၊ ရုရှနိုင်ငံ
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်


ရုရှနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသော ၆၂ ကြိမ်မြောက် ၂၀၁၃ မယ်စကြာဝဠာပြိုင်ပွဲတွင် ဗင်နီဇွီးလားမယ် Gabriela Isler က မယ်စကြာဝဠာဘွဲ့ ဆွတ်ခူးသွားသည်။

ဒုတိယဆုကို စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ စတုတ္ထဆုကို ဖိလစ်ပိုင်မယ်၊ ပဉ္စမဆုကို ဘရာဇီးမယ်တို့က ဆွတ်ခူးသွားသည်။

နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦး မှာ ကော့စတာရီကာမယ်၊ ယူကရိန်းမယ်၊ တရုတ်မယ်၊ အီကွေဒေါမယ်၊ ဗြိတိန်မယ်၊ အင်ဒိုနီးရှားမယ်၊ ဗင်နီဇွီးလားမယ်၊ ဒိုမီနီကန်မယ်၊ ပွာတိုရီကိုမယ်၊ စပိန်မယ်၊ အမေရိကန်မယ်၊ နီကာရာဂွာမယ်၊ ဆွစ်ဇာလန်မယ်၊ အိန္ဒိယမယ်၊ ဘရာဇီးမယ် နှင့် ဖိလစ်ပိုင်မယ် တို့ ဖြစ်သည်။


ဖိုးလပြည့် ရွေးချယ်သည့် မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်သော မယ် ၁၆ ဦးထဲတွင် မပါဝင်ကြောင်းသိရသည်။

အင်တာနက်မှ မဲပေးပြီး ရွေးသော ပရိသတ်အကြိုက်ဆုံးဆု (People's Choice Award)ကို မြန်မာစစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် ရရန် စစ်သားများ၊ ကြံ့ဖွတ်များ တာဝန်တရပ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။

မိုးစက်ဝိုင် People's Choice Award ဆု ရစေရန် မြန်မာစစ်သားများ၊ ကြံ့ဖွတ်များနှင့် သမိုင်းကိုမေ့လွယ်ပြီး နိုင်ငံရေးခံယူချက်မရှိသော မြန်မာများက အပြင်းအထန် မဲပေးကြသော်လည်း မရဘဲ ဖိလစ်ပိုင်မယ်က ရသွားသည်။

နိုင်ငံအများစုကလူများက မိမိနိုင်ငံမှ မယ်ကို People's Choice Award ရစေရန် ထပ်တလဲလဲ မဲပေးခြင်းကို စိတ်မဝင်စားသည့်နည်းတူ ဖိလစ်ပိုင်လူမျိုးများသည်လည်း ဖိလစ်ပိုင်မယ်ကို စိတ်ပါလက်ပါ မဲမပေးခဲ့ကြပါ။

သို့သော် အာဏာရှင်ဆန့်ကျင်သူ မြန်မာများက စစ်တပ်ကိုယ်စားပြုမယ် ဘိန်းသူဌေး ခရိုနီသမီး မိုးစက်ဝိုင် မရစေရန် ဖိလစ်ပိုင်မယ်ကို အားတက်သရော မဲပေးကြသဖြင့် ဖိလစ်ပိုင်မယ်က People's Choice Award ဆုကို ရသွားသည်။


                                           မြူနှင်း(အေးရိပ်ငြိမ်)




Inga kommentarer:

Skicka en kommentar