အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 december 2013

ဦးသန်းရွှေမှ ဖိအားပေးလာလျှင် ရာထူးမှ နှုတ်ထွက်ပေးရန် အသင့်ရှိကြောင်း ကာချုပ်မင်းအောင်လှိုင်မှ ပြောကြား

ဦးသန်းရွှေမှ ဖိအားပေးလာလျှင် ရာထူးမှ နှုတ်ထွက်ပေးရန် အသင့်ရှိကြောင်း ကာချုပ်မင်းအောင်လှိုင်မှ ပြောကြား


Hawdeka Khalaylay

လက်ပံခါးလှပွဲကို ခွင့်ပြုလိုက်ခြင်း နှင့်ပတ်သတ်၍ မိမိအပေါ် ဦးသန်းရွှေမှ ဖိအားပေးလာလျှင် လက်ရှိရာထူးမှ နှုတ်ထွက်ပေးရန် အသင့်ရှိကြောင်း ကာချုပ်မင်းအောင်လှိုင်မှ ပြောကြား
(နေပြည်တော်လျှို့ဝှက်သတင်း)

အစပိုင်းတွင် လက်ပံခါးလှပွဲ မဖြစ်မြောက်စေရန် နှင့် နည်းလမ်းမျိုးစုံသုံး၍တားမြစ်ရန် ဦးသန်းရွှေမှ အမိန့်ပေးခဲ့ကြောင်း သိရသည် ၊

နောက်ပိုင်းတွင် ဦးသန်းရွှေ၏ အမိန့်ကို ဆန့်ကျင်ကာ ကာချုပ်မင်းအောင်လှိုင်မှ တာဝန်ခံ၍ လက်ပံခါးလှပွဲကို မူလအစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည် ၊

ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လက်ပံခါးလှပွဲ ဆက်လက်စီစဉ်နေသည်ဟု သိရသည့် အတွက် ဒေါသထွက်ပြီး ကာချုပ်အားဆင့်ခေါ်နေသည် ဟု သိရသည် ၊

ကာချုပ်မင်းအောင်လှိုင်က သူ့လုပ်ပိုင်ခွင့်ကို အသုံးပြု၍ လက်ပံခါးလှပွဲ လုံခြုံရေးကို ဂရုစိုက်ကြရန် ညွှန်ကြားထားကြောင်း နှင့် ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့နှင့် တနင်္လာနေ့ ည ပိုင်းတွင် တွေ့ဆုံမည်ဟု အကြောင်းပြန်ထားကြောင်း သိရသည် ၊

လက်ပံခါးလှပွဲကို ခွင့်ပြုလိုက်ခြင်း နှင့်ပတ်သတ်၍ မိမိအပေါ် ဦးသန်းရွှေမှ ဖိအားပေးလာလျှင် လက်ရှိရာထူးမှ နှုတ်ထွက်ပေးရန် အသင့်ရှိကြောင်း ကာချုပ်မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်ဟု နေပြည်တော် စစ်ရုံး သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည် ၊



                                                               မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar