အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 december 2013

အကောင်းမြင်ဝါဒီ ဘဖိုးနီ

အကောင်းမြင်ဝါဒီ ဘဖိုးနီ

Photo: အကောင်းမြင်ဝါဒီ ဘဖိုးနီ 
*******************
ကျွန်တော်တို့ရွာမှာ ဘဖိုးနီဆိုတာရှိတယ်။ ဘုန်းကြီးကျောင်းထွက်ပေမယ့် တွေ့သမျှစာ အကုန်ဖတ်တော့ ဗဟုသုတကြွယ်ပြီး လောကီ၊ လောကုတ် ကြိုက်တာစမ်းလို့ရတယ်။ 
“လူတွေအားလုံးအပေါ် အကောင်းမြင်ကြည့်သူတို့နဲ့ပတ်သက်တဲ့လောဘ၊ ဒေါသစိတ်တွေမဖြစ်တော့ဘူး” ဒါကတော့ ဘဖိုးနီရဲ့အမြဲပြောနေကျလက် သုံးစကား။ 

ဘဖိုးနီလောက် အကောင်းမြင် တတ်တဲ့ လူရွာထဲမှာ မရှိသ လောက်ရှားတယ်။ တစ်နေ့မှာပေါ့ ဘဖိုးနီ ပဲခင်းထဲ နွားတွေဆင်းစားသွား တာမြင်လိုက်ရတဲ့သူတွေက လာပြောတော့ “ပဲပင်သန်လို့ အညွန့်တွေ တမင်တကာတောင် ခူးချက်ရသေးတာ။ နွား တွေ စားသွားတော့ ကုသိုလ်လည်းရ၊ အပင်လည်းလှတာပေါ့ကွာ”လို့ပြော လွှတ်လိုက်တယ်။ 

ဘဖိုးနီမှာ ချောချောလှလှ အေးကြည်မဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ဗိုင်းကောင်းကျောက်ဖိနေလာသူဆိုတော့ အိနြေ္ဒကြီးတယ်။ နေ့ခင်းဘက် သိပ်မထွက်တော့ ညပိုင်းကျမှ ကာလသားတစ်သိုက်က ညဥ့်နက်သန်း ကောင်အထိ ဠင်းတသံတွေနဲ့လျှောက်ပြန်သံပေး၊ ဟစ်ကြွေးသီဆို လူပျို လှည့်ကြတယ်။ ညစဉ်ညတိုင်းဆိုတော့လည်း ဒဏ်မခံနိုင်တော့ပဲပတ်ဝန်း ကျင်ကလူတွေ ဘဖိုးနီဆီလာပြီး “ဘဖိုးနီ ဒီကောင်တွေ ဒီလောက် သောင်းကျန်းနေတာ ထွက်ပြောဦးလေ” လို့ပြောတော့ “ဘာပြောစရာလိုလည်းကွာ၊ အပျိုရှိလို့လူပျိုလှည့်တာပဲ၊ ညဥ့်နက်သန်း ကောင်ထိ ဒီကောင်တွေနေပေးတော့ ငါတို့ပတ်ဝန်းကျင် မီးရေးထင်းရေး သူခိုးရေးတွေ စိတ်ချရတာပေါ့”တဲ့။ 

ပခုက္ကူနယ်ဘက်က ရွာကို စောင်၊ ဖျင်ကြမ်းထည်တွေ လာရောင်းတဲ့ ကုန် သည်ဦးဖိုးကြွယ်နဲ့ ဘဖိုးနီတို့ တစ်စထက်တစ်စ ခင်မင်ရင်းနှီးလာလိုက်ကြ တာ ဆွေမျိုးရင်းချာတွေလိုကိုဖြစ်လို့။တစ်ခါတစ်လေညအိပ်ညနေလချီပြီး တောင် ကြာလိုက်သေး။ 

ဒီလိုနဲ့တစ်နေ့မှာ အိုးချင်းထားတော့ အိုးချင်းထိ သွားတဲ့ဘဖိုးနီရဲ့မိန်းမဒေါ်သိန်းလှကိုဦးဖိုးကြွယ်ကသုတ်ပြေးပါလေရော။ ဒီအဖြစ်အပျက်ကို သည်းမခံနိုင်တဲ့ ရွာသားတွေက ရဲစခန်းတိုင်ဘို့ ဘဖိုးနီ ကိုပြောတော့ “တိုင်မနေတော့ပါဘူးကွာ။ ငါ့ရင်မကွဲရအောင်ငါ့သမီးနုနုထွတ်ထွတ်လေး ကို ချန်ထားခဲ့ပြီး အဖွားကြီးကိုပဲဆွဲသွားတာ ဒီကောင့်ကိုကျေးဇူးတောင် တင်ရဦးမှာကွ”လို့ ပြောလိုက်တော့ ရွာသားတွေကိုယ့်နဖူးကိုယ်လက်နဲ့ ရိုက်ပြီးထွက်သွားပါတော့တယ်။ ကြံဖန်ကျေးဇူးတင်လိုက်တဲ့ ဘဖိုးနီရဲ့ အကောင်းမြင်လိုက်ပုံများကတော့ အံ့ရောဗျာ။ 

ကိုဆန်းကြီး - (www.lightofmandalay.com)

ကိုဆန်းကြီး 

                                                                 မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar