အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 8 augusti 2015

အင်အားကြီးမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ လူ ၈ဦး သေပျောက်၊ တရုတ်နိုင်ငံဆီ မုန်တိုင်းဆက်လက်ဦးတည်

အင်အားကြီးမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ လူ ၈ဦး သေပျောက်၊ တရုတ်နိုင်ငံဆီ မုန်တိုင်းဆက်လက်ဦးတည်
++++++++++
သြဂုတ် ၈။ ။ စနေနေ့မနက်ပိုင်းမှာ အင်အားကြီးမားတဲ့ တိုင်ဖွန်းမုန်တိုင်း ဆူဒလာ ဟာ ထိုင်ဝမ်ကျွန်းကို စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၈ဦး အသေအပျောက်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ မုန်တိုင်းရဲ့ အရှိန် ကြောင့် ထိုင်ဝမ်မှာ သစ်ပင်တွေပြိုလဲ၊ မီးတိုင်တွေလဲကျကာ လျှပ်စစ်ဓာတ်အားကြိုးတွေ ပြတ်တောက်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၂သန်းနီးပါး လျှပ်စစ်မီးမရဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးသူ ၄ဦး နဲ့ ပျောက်ဆုံးနေသူ ၄ဦးရှိပြီး ဒဏ်ရာရသူ စုစုပေါင်း ၆၄ဦး ရှိတယ်လို့လည်း ထိုင်ဝမ်ရဲ့ စင်ထရယ်နယူးစ်အေဂျင်စီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါမုန်တိုင်း ကုန်းမြေကို စတင်ဝင်ရောက်ချိန်မှာ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီကို မိုင် ၁၀၀နှုန်းခန့်ရှိတယ်လို့ ထိုင်ဝမ် မိုးလေ၀သဌာနက ဆိုပါတယ်။
မုန်တိုင်းဟာ အခုဆိုရင် ထိုင်ဝမ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဆီ ဦးတည်နေတယ်လို့ သိရကာ တရုတ် အရှေ့တောင်ပိုင်းက တာဝန်ရှိသူတွေဟာ လူပေါင်း ၁၅၈၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ မုန်တိုင်းဟာ စနေနေ့ညပိုင်းမှာ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်ကို ၀င်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။




                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar