အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 17 december 2014

မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးအတွင်းတွင်ရှိနေသေးကြောင်း အမေရိကန်ရေတပ်ဗိုလ်ချူပ်ဖွင့်ပြော

မြန်မာနိုင်ငံသည်စစ်အုပ်ချုပ်ရေးအတွင်းတွင်ရှိနေသေးကြောင်း အမေရိကန်ရေတပ်ဗိုလ်ချူပ်ဖွင့်ပြော

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင်ပင် အခိုင်အမာရှိနေသေးကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြောဆိုချက် သမ္မတရုံးပြောခွင့်ရှိသူ ငြင်းပယ်
Saturday, December 6, 2014
မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင် အခိုင်အမာရှိနေသေးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အစပျိုး နေသော စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြုလုပ်ရန် အချိန်မကျသေးကြောင်း ပစိဖိတ်ဒေသ အမေရိ ကန်လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် အမည်စာရင်းသွင်းခံထားရသော ရေတပ်ဗိုလ်ချုပ်ကြီး ဟဲရစ် ဟယ်ရီဂျူနီယာက ပြောသည်။ယင်းပြောဆိုမှုသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအခြေအနေနှင့် ပတ်သက်၍ အမေရိကန်အရာရှိတဦးထံမှ ထူးထူးခြားခြားတင်းမာသော အကဲဖြတ်မှုတခုဖြစ်သည်။ ဆီးနိတ်တွင် ကြားနာအတည်ပြုမည်ဖြစ်သော မူဝါဒ ဆိုင်ရာ မေးခွန်းများအပေါ် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟဲရစ်က အထက်ပါအတိုင်းစာဖြင့် ရေးသားတုံ့ပြန် ခဲ့ခြင်း ဖြစ်သည်။အဆိုပါ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး၏ ပြောဆိုချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသမ္မတရုံပြောခွင့်ရှိသူ ဦးရဲထွဋ်က စစ်တပ်သည် လက်ရှိဖွဲ့စည်းပုံက ခွင့်ပြုထားသည့် ဘောင်ထက်ကျော်လွန်လုပ်ဆောင်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင် ရှိနေဆဲဆိုသည့်အချက်ကို ငြင်းပယ်ခဲ့သည်။“ကျနော်တို့က သူတို့ အမြင်လို့ပဲ ပြောချင်ပါတယ်။ တပ်မတော်ကတော့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်နေတယ်။ တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် တည်ဆောက်နေတယ်။တပ်မတော်အနေနဲ့နောက်ကြောင်း ပြန်လည့်ဖို့မရှိဘူးဆိုတာ ပြောပြီး ဖြစ်လို့ နိုင်ငံတကာအဆင့်မီ တပ်မတော်ဖြစ်အောင် လုပ်ချင်တော့ ကူညီရင်တော့ ကောင်းတာပေါ့။ မကူညီဘူးဆိုလည်း တပ်မတော်ကတော့ လုပ်စရာ ရှိတာ ဆက်လုပ်သွားမှာပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးတာထက် ပိုပြီးလုပ်တာ ဘာမှ မရှိပါဘူး။ စစ်အုပ်ချုပ်ရေး အောက်မှာ ရှိတယ်ဆိုတာကတော့ လက်မခံပါဘူး။” ဟု ဆိုသည်။ဦးရဲထွဋ်က ယင်းကဲ့သို့ ငြင်းချက်ထုတ်ထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏အုပ်ချုပ်မှုပုံစံအရအမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟဲရစ်ဟယ်ရီဂျူနီယာ၏ သတိပေးပြော ဆိုချက်အပေါ် ငြင်းချက်ထုတ်၍မရနိုင်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြော သည်။''သူ့ရဲ့ပြောဆိုချက်က မှန်လား မမှန်လား ဆန်းစစ်ဖို့ဆိုရင် ဥပမာအားဖြင့် အုပ်ချုပ်ရေးအပိုင်းမှာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလုံးဟာ ပြည်ထဲရေးဝန်ကြီး ဌာနရဲ့လက်အောက် မှာရှိတယ်။ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ အမည်စာရင်းတင်သွင်းတယ်၊ တပ်မတော်အရာရှိတဦးက ၀န်ကြီးအဖြစ်ဆောင်ရွက်တယ်။ အခြားတပ်မတော်အရာရှိတဦးက ဒုဝန်ကြီး အဖြစ် ဆောင်ရွက်တယ်။ ဒါကတချက်၊ နောက်တချက်က ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေး ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး အရေးအကြီးဆုံးဝန်ကြီးဌာန ၃ ခုစလုံးကို တပ်မတော်အရာရှိကြီးတွေက ရယူထားတယ်။ နောက်ပြီးတော့ လွှတ်တော်အားလုံးမှာ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်တွေက ၂၅ ရာခိုင်နှုန်းပါဝင်နေတယ်။ အဲတော့ ဒီအချက်တွေအရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်ဆိုတာ ငြင်းလို့မရဘူး။ နောက်တချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၁အရ ကြည့်မယ်ဆိုရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ယောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုတဲ့ ပုဂ္ဂိုလ် ၆ ယောက်ပါဝင်နေတယ်၊ အဲဒီအနေအထားတွေ အားလုံးကိုပေါင်းပြီး သုံးသပ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရာခိုင်နှုန်းတော်တော် များများရှိနေတယ်ဆိုတာ ငြင်းလို့ မရဘူးလို့ မြင်တယ်''ဟု ယင်းက ပြောသည်။၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကို စစ်တပ်က သွေးထွက်သံယိုနှိမ်နှင်းခဲ့ပြီး နောက်အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအား လက်နက်ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့သည်။ ၂၀၁၀ အရပ်သားတပိုင်း အစိုးရတက်လာပြီး နောက်မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပြန်လည်ပူးပေါင်းဆောင်ရွက်မှုသည် ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါ သော ကိစ္စရပ်တခုအဖြစ် အိုဘားမား အစိုးရက ရှုမြင်သည်။စစ်တပ်၏ ကူညီထောက်ပံ့မှုမပါရှိပါက မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ တုံ့ဆိုင်းသွားနိုင်ကြောင်း အာရှနှင့်ပစိဖိတ်ဒေသ ကာကွယ်ရေးဒုဝန်ကြီးဒေးဗစ်ရှီးယားက ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် တင်ပြခဲ့သည်။ ယင်းအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီးက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စစ်လက်နက် ပစ္စည်းအရောင်းအ၀ယ် ပိတ်ပင်ထားခြင်းအား ရုပ်သိမ်းရန်စဉ်းစားနေကြောင်းလည်း ထိုစဉ်က ပြောကြားခဲ့သည်။အိုဘားမားအစိုးရသည် ၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဒရှိနေခဲ့ သော်လည်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်ဖောက်ကားနေမှုများကြောင့် ယင်းကိစ္စရပ်အပေါ် ရီပါဗလစ်ကန်နှင့် ဒီမိုကရက် ၂ ပါတီစလုံးမှ ဥပဒေ ပြုအမတ်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။တပ်မတော် ၂ ရပ်အကြား စစ်ဥပဒေဆိုင်ရာ ဆွေးနွေးမှုအပါအ၀င် စစ်ရေးအရပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦး ဆက်သွယ်မှုများရှိနေသော်လည်း လက်ရှိချမှတ်ထားသောပိတ်ဆို့မှုတွင် စစ်ရေး လေ့ကျင့်သင်ကြားမှုလည်း အကျုံးဝင်နေသည်။စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းပြုလုပ်ခြင်းအားဖြင့် မြန်မာစစ်တပ်၏အမြင်နှင့်သဘောထားကို ပြောင်းလဲစေနိုင် မည်ဖြစ်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေမှု လျော့ကျသွားစေရန် အခွင့်အရေးတရပ်ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေး အထက်တန်းအရာရှိ ဗစ်ကရမ်ဆင်းက ပြောသည်။လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း ကန့်သတ်မှုများအားဖြေလျော့ပေးခဲ့သော်လည်း စစ်အာဏာရှင် လက်ထက်ကရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မှုတစုံတရာမရှိသေးချေ။ မြန်မာ့ပြုပြင်ပြောင်း လဲမှုသည် ၎င်းတို့အတွက် သေနတ်တချက်မဖောက်ဘဲရရှိခဲ့သော နိုင်ငံခြားရေးမူဝါဒအောင်မြင်မှု၏ သာဓက တခုအဖြစ် အမေရိကန်သမ္မတအိုဘားမားက အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသော်လည်း နိုဝင်ဘာလက အရှေ့အာရှထိပ်သီးအစည်းအဝေးအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော သမ္မတအိုဘားမားက ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်းပြန်နေသည်ကို အသိအမှတ်ပြုခဲ့သည်။လက်ရှိတွင် တပ်မတော် ၂ ရပ်အကြား တရားဥပဒေစိုးမိုးရေးနှင့်သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများမှလွဲ၍ ပြောပလောက်သော ပူးပေါင်းဆောင်ရွက်မှုမရှိသေးကြောင်း သိရသည်။
News Watch


                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar