အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 4 november 2014

ဦးလှဆွေတံတားအောက်က ဇီးသီးတွေ လိုက်ကောက်

ဦးလှဆွေတံတားအောက်က ဇီးသီးတွေ လိုက်ကောက်



Demo Fatty

ဦးဦးလှဆွေကလေ တံတားအောက်က ဇီးသီးတွေပဲ လိုက်ကောက်နေတော့တာပဲ။
ကျပ်သန်း ၆၀၀၀ ကျော် ဇီးသီးဗန်းကြီး ဦးတင့်ဆန်း ခါးပုံထဲ မှောက်ကျသွားတာကျတော့ ဘာမှ မပြောဘူး
သမ္မတကို အလေးပြုဖို့ အစီအစဉ်ရှိမရှိ လွတ်တော်မှာ မေးခွန်းမေးတာလဲ ဦးဦးဘူး ပဲလေ။ အဲတော့ တပ်မတော်ကလည်း သမ္မတက ခံမယ်ဆိုရင် ပြုပါ့မယ်တဲ့။ သမ္မတကလည်း တပ်မတော်က ပြုမယ်ဆိုရင် သူခံချင်ပါတယ်တဲ့။ အဲ့တာနဲ့ပဲ အဲ့သတင်းက မီဒီယာပေါ်က ပျောက်နေချိန်မှာ ...... သမ္မတက ပြည်သူက ပေးထားတဲ့ Emergency ရန်ပုံငွေနဲ့ ကျပ်သိန်း ၃၀၀၀ ဖိုးလောက်ကို ဗိုလ်ရှုခံစင်မြင့် ဆောက် ပြီးပေါ့။ လွတ်တော်လေး ခဏနားတုန်း ဦးတင့်ဆန်းတို့ ဆောက်ချလိုက်တာ။ လွတ်တော်ပြန်စတော့ နောက်တိုးဘတ်ဂျက်တင်ပါလေရော
ကျပ်သန်း ၆၄၀၀ ကျော် တောင် အသုံးပြုဆောက်ထားတဲ့ ဗိုလ်ရှုခံစင်မြင့်ကို နောင်အနှစ် ၆၀ အခိုင်အခံ အသုံးပြုနိုင်ပါစေဗျာာားးးးး

ဖေ့ဘုတ်ပေါ်မှာ လိုက်တွေ ရှယ်တွေ အများကြီးရအောင် ဇီးသီးဗန်းမှောက်တာကို လိုက်ရှာပြတဲ့ အမတ်ကြီးက ဂိုဒေါင်ထဲ ဇီးသီးကွန်တိန်နာလိုက် သိမ်းထားတဲ့ ကံထူးရှင်စာရင်းဝင် ဦးအောင်သောင်းကို ၀င်ဖာတာကတော့ ဖာစိတ် မကုန်လို့ နေမယ်



Inga kommentarer:

Skicka en kommentar