အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 4 november 2014

ထိုင်းရဲတပ်ဖွဲ့ တက်ရောက် လာခဲ့ခြင်း မရှိ

ထိုင်းရဲတပ်ဖွဲ့ တက်ရောက် လာခဲ့ခြင်း မရှိ




လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘန်ကောက်မြို့မှာ မြန်မာသံရုံး အထူး
စုံစမ်းရေးအဖွဲ့၊ စွပ်စွဲခံ တရားခံများရဲ့မိဘတွေနဲ့ အတူ ထိုင်းရဲ့တပ်ဖွဲ့ကို မျက်နှာချင်း
ဆိုင်ရှင်းလင်းဖို့ ထိုင်း လူ့အခွင့်အရေးကော်မရှင် ကဖိတ်ကြားခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့
က တက်ရောက် လာခဲ့ခြင်း မရှိပါဘူး။

ရှင်းလင်းပွဲကို ဘန်ကောက်မြို့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ဒီကနေ့မွန်းလွဲ
တနာရီကစ ပြုလုပ်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခုလိုပျက်ကွက်တာ နှစ်ကြိမ်ရှိပြီ
လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Dr. Nirun Pitakwatchara သတင်းထောက်တွေကိုပြောပါတယ်။

ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ (ဘန်ကောက်မှ ပေးပို့သည်)





Inga kommentarer:

Skicka en kommentar