အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 5 november 2014

အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် အပြောင်းအလဲတွေ အေးအေးဆေးဆေး ဆက်လက်သွားဖို့ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်တဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဘူးဆိုရင် ဘာဆက်လုပ်မလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ဖြေကြားခဲ့တာပါ။

"လိုချင်တဲ့ ၅၉(စ)နဲ့ပတ်သက်လို့ ပြောင်းလဲမှုမရှိခဲ့ဘူးဆိုလို့ရှိရင် NLD နေပြီးတော့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဘယ်လိုလုပ်မလဲဆိုတာ အဲ့ဒီဟာတွေဟာ တကယ်တော့ ကျမတို့မှာ ရွေးကောက်ပွဲမတိုင်မီမှာ ဆွေးနွေးပြီးတော့ သဘောတူညီချက် ယူရမယ့်ကိစ္စတွေ ပုံစံပေါက်လာတယ်၊ ဒါကြောင့် ကျမပြောတာ နိုင်ငံကိုတကယ်ပဲ နိုင်ငံပေါ်မှာစေတနာထားတယ်၊ ကျမတို့နိုင်ငံမှာ အေးအေးဆေးဆေးနဲ့ ဖြူးဖြူးဖြောင့်ဖြောင့်နဲ့ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်မှာ ဆက်ပြီးလျှောက်စေချင်တယ် ဆိုလို့လို့ရှိရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်ပါဘူး"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သလောက် ကြိုးစားခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပြုမဏ္ဍိုင်တစ်ခုတည်းက လုပ်လို့မရကြောင်းနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖက်ကလည်း ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese


                                            မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar