အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 4 november 2014

နောက်တစ်မှုတော့လာပြန်ပြီ

   နောက်တစ်မှုတော့လာပြန်ပြီ

ဥပဒေအထက်၌ မည်သူမှ မရှိစေရ သို.သော်..............................
----------------------------------------------------.---------------------
မြောက်ဥက္ကလာပမြို့နယ်ဓမ္မာရုံမှတ်တိုင် မြနန္ဒာဈေးအရှေ့ကားလမ်းမကြီး
အလယ်တည့်တည့်လူမြင်ကွင်း၌ (စအဖ)လေတပ်အထောက်ကူပြု
တပ်ကြပ် ဇော်မျိုးဦးမှအရပ်သားပြည်သူတစ်ဦးဖြစ်သူမောင်လေးနိုင်(ခ) မောင်ရဲနိုင်
အသက်၂၉ နှစ် (အဘ ဦးခင်ဌေး )အား ထိုးကြိတ်ကန်ကြောက်ရာမှ နောက်စေ့နှင့်
ကတ္တရာလမ်းဆောင့်မိရာမှ သေဆုံးခဲ့ရသည်။
၂၇.၁၀.၂၀၁၄ ရက်နေ့  မနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အား
သေဆုံးသူ၏ မိသားစုဝင်များမှ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရဲစခန်းသို့ 
၂၈.၁၀.၂၀၁၄ ရက်နေ့ တွင် သွားရောက်အမှု့ ဖွင့်လှစ်ခဲ့ရာ ဒုရဲအုပ် ဇင်မင်းထွန်း မှ
ပ/၃၁၅/၂၀၁၄ ဖြင့် ပုဒ်မ ၃၂၅/၃၀၄(က)ဖြင့် အမှု့ဖွင့်လှစ်ပေးခဲ့သည်။
တရားခံအား ရဲစခန်းမှ စစ်ဆေးမေးမြန်းခြင်းများ မပြုလုပ်ပဲ စစ်တပ်သို့  ပြန်လည်
အပ်နှံပေးခဲ့သည်။၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ယနေ့ အချိန်ထိ လူမှု့ရေးအရသော်
လည်ကောင်း လာရောက်မေးမြန်းခြင်း မရှိခဲ့။ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း
မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်နေကြသည်ကိုစိုးစဉ်းမျှ မသိရှိရသေးပါ။
သေဆုံးသူ မောင်ရဲနိုင်၏ ရုပ်အလောင်းအား ၃၀.၁၀.၂၀၁၄ ရက်နေ့ နေ့ လည်
၁၂ နာရီခွဲ အချိန်တွင် ရေဝေးသုသာန်၌မီးသင်္ဂြုလ်ခဲ့ပြီ ဖြစ်သည်။မိသားစုဝင်များ
အနေဖြင့် ယနေ့ အထိတိုင် ကြေကွဲ ခံစားနေရပြီး အမှန်တရား အမြန်ဆုံးပေါ်ပေါက်
လာနိုင်စေရန် အကူအညီ လိုအပ်လျက်ရှိပေသည်။
သေဆုံးသူနေထိုင်သော လိပ်စာမှာ
အမှတ် (၁၀/က) ဋ္ဌ ရပ်ကွက် မြောက်ဥက္ကလာပမြို့နယ် ဖြစ်သည်။
အမှန်တရားပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကူညီဖြေရှင်းပေးကြပါလို့  မေတ္တာရပ်ခံ
တင်ပြလိုက်ရပါသည်။
ရေးသားတင်ပြသူ - ကိုမင်း




Inga kommentarer:

Skicka en kommentar