အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 17 november 2014

သမ္မတကြီးသာ မြန်မာပြည် ရဲ့သမ္မတဖြစ်မယ်ဆိုရင်

သမ္မတကြီးသာ မြန်မာပြည် ရဲ့သမ္မတဖြစ်မယ်ဆိုရင်




မေးခွန်း-
သမ္မတကြီးခင်ဗျာ။ ကျွန်တော် ကျော်သူရဟိန်းပါ။ ဥပဒေကျောင်းသားပါ။ကျွန်တော့်မေးခွန်းကတော့ သမ္မတကြီးသာ မြန်မာပြည်
ရဲ့သမ္မတဖြစ်မယ်ဆိုရင် ဘယ်ကဏ္ဍကို အရင်ဆုံးဦးစားပေးဆောင်ရွက်လိုပါသလဲ။
(လက်ခုပ်သံများ)

အိုဘားမား-
မြန်မာပြည်မှာစိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွေ ပြည့်စုံဖို့ ပိုပြီး ကြီးမားတဲ့
စိန်ခေါ်မှုတွေရှိနေတယ်။ ကျွန်တော်သာဆိုရင် ဦးစားပေးလုပ်ချင်တာကတော့ လူတိုင်းလိုလိုလည်း ပြေနေကြတဲ့ကိစ္စပါ။

နံပါတ်တစ်က နောက်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို သေချာကျင်းပမယ်။
နံပါတ် ၂ က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွားစေဖို့
အတွက်
နံပါတ် ၃ ကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်။

Aye Thu San


Inga kommentarer:

Skicka en kommentar