သန်းဖြိုးသူကုမ္မဏီပိုင်ရှင် ကျော်လွင်(ခ)ကျော်လိမ်သို့ ကိုကျော်လွင်ရေ ခင်ဗျားလုပ်ရပ်ကြောင့် ကော့သောင်းမှာရှိတဲ့ ရှမ်းတရုတ်တွေအားလုံး လူလိမ် တွေလို့အပြောခံနေရပြီ ၊ရှမ်းတရုတ်သူဌေးတွေက ကိုယ့်လုပ်ငန်း ကိုယ့်ဂုဏ်သိက္ခာနှင့်နေကြတဲ့သူ တွေပါ ၊ခင်ဗျားကြီး(10)ရက်တစ်ခါလောက် မြို့မဘော ထက်သုံးဆလောက်ကြီးတဲ့ ဘောကြီးနှင့် ကျောက်မီးသွေး သယ်လာနေတာ ကော့သောင်းမြို့သူ/သား အားလုံးအမြင်ပါ ၊ခင်ဗျားကြီးပြောတဲ့ ကျောက်မီးသွေးစက်လည် ရင် မီတာခ(200)နှင့်ပေးမယ်ဆိုပြီးတော့ အ.မ.က ကျောင်းတွေမှာ ရပ်ကွက် နေပြည်သူတွေကိုခေါ်ပြီးတော့ ၊မယက ပါစီဘာဘာနှင့်ပေါင်းစားခဲ့တာဟာ (4)နှစ်တာကာ လကို ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ ခင်ဗျားကြီးကျောက်မီးသွေးစက် မလည်ဘူးဆိုပြီးတော့ ကျောက်မီးသွေးတွေ ဘာလုပ်ဖို့ ဒီလောက်အများကြီးသယ်ယူနေတာလည်း အဲဒီကျောက်မီးသွေးတွေ ကိုဘယ်မှာထားလည်းဆိုတာ ခင်ဗျားကြီးမပြနိုင်ဘူးမို့လား ပွင့်လင်းမြင်သာမှုရှိစမ်းပါ ဗျာ အဲဒီကိစ္စနဲ့ပါတ်သက်လို့ ပါစီဘာဘာနဲ့ တနင်္သာရီတိုင်း သက်ဆိုင်ရာဝန်ကြီးကလည်း နှာစေးနေတာလား ထိပ်ကပ်နာစွဲသွားလိမ့်မယ် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စဉ်ကာလတုန်းက လျှပ်စစ် ဓါတ်အားတစ်ယူနစ် (200)ပေးမယ်ဆိုပြီးတော့ မဲဆွယ်ခဲ့တာဟာ ပြည်သူတွေအပေါ်လိမ်ညာလှည့်းဖြားနည်းတစ်မျိုးဘဲ့လား ကျောက်မီးသွေးစက်ရုံကိုဘယ်အချိန်ကြည့် ကြည့် မီးခိုးထွက်နေတာတွေ့နေရတယ် ခင်ဗျားကြီး စမ်းသပ်နေတယ်လို့ပြောအုံးမှာလား (4)နှစ်လုံးလုံး အဲဒီစက်ကစမ်းသပ်လို့မပြီးသေးဘူးလား မီးကလည်းပျက်တာလွန်ရော လေကြမ်းရင်မီးပျက် မိုးအုံ့နေရင်မီးပျက် နေပူရင် ဓါတ်တိုင်ပြင်နေလို့တဲ့မီးပျက် ကိုကျော်လွင်ရေ ခင်ဗျားကို အကြံတစ်ခုတော့ပေးလိုက်မယ် ခင်ဗျားအပြောလွတ်ချင်ရင် မီတာခမြန်မြန်ချပြီး ဦးလှမောင်ဆိုတဲ့သူကို အလုပ်ကထုတ်ပစ်လိုက် ၊ပုဂ္ဂိုရေးပြောတာမဟုတ်ဘူးနော် ကော့သောင်းတစ်မြို့လုံးသိတယ် ဘာဖြစ်လို့ထုတ်ခိုင်းလည်းဆိုတာ ခင်ဗျားကြီးလည်းမီတာခအမြန် ဆုံးလျှော့ချပေးပါလို့
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar