ဆရာ ကိုမောင်မောင်ဝမ်း ကို မြန်မာပြည် က ပြည်နှင်ဒါန်ပေးလိုက်ပြီ

ယနေ့အွန်လိုင်းပေါ်တွင်မြန်မာနိုင်ငံသားများအတွက်
The Best Engish 4 you ၀က်ဆိုဒ်ဖြင့်လည်းကောင်း
Group များတွင်လည်းအောင်းအင်္ဂလိပ်စာပညာဒါနပို့ချ
ပေးနေသူဆရာမောင်မောင်ဝမ်းသည်ရန်ကုန်မြို့ကြီးတွင်
ပညာဒါနပို့ချပေးခဲ့အပြီးဇာတိဖြစ်သောရေနံချောင်းမြို့
လာရောက်ပို့ချပေးခဲ့ပါသည်။
မွေးရပ်မြေတွင်မိမိတတ်ထားသောပညာဖြင့်ကျေးဇူးပြုချင်
ပါသော်လည်းရေနံချောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ
တိုင်းအမိန့်အရဆိုကာပညာဒါနအဖြစ်အခကျေးငွေမယူသော်လည်း
လ၀ကလက်ဆွဲမူအရခွင့်မပြုနိုင်ဟုဆိုကာလာရောက်ပိတ်ပင်
တားဆီးခဲ့ပါသည်။ထို့ကြောင့်တစ်ရက်မျှသာသင်ပြီးယနေ့တွင်
ချစ်လှစွာသောဇာတိမြေမှပညာရည်သောက်စို့လိုသူများအား
နှုတ်ဆက်ပွဲလုပ်ခဲ့ပါသည်။
ထိုနှုတ်ဆက်ပွဲပြီးသည်နှင့်လ၀ကဦးစီးမှလာရောက်ကာ
ခွင့်မပြုသောပညာဒါနအင်္ဂလိပ်စာသင်ကြားမှုကြောင့်
အမေရိကန်နိုင်ငံသားခံယူထားသူဆရာမောင်မောင်ဝမ်းအား
ယနေ့ည(၅-၈-၁၄)ည၊၁၀း၀၀နာရီတွင်လည်းကောင်းတို့ငှား
ထားသောကားဖြင့်အခြားနေရာများသို့ဝင်ရောက်ရပ်နားခွင့်မပြု
သူငယ်ချင်း၊မွေးခြင်းများအားနှုတ်ဆက်ခွင့်မပြုဘဲရန်ကုန်
မင်္ဂလာဒုံလေဆိပ်မှသို့ခေါ်ယူပြီးလေယာဉ်ပေါ်တင်ကာမြန်မာ
နိုင်ငံမှထွက်ခွာသွားစေမည်ဖြစ်ကြောင်းဆရာမောင်မောင်ဝမ်း၏
မိတ်ဆွေ၊တပည့်၊သူငယ်ချင်းရဲဘော်အပေါင်းအားသိစေအပ်ပါသည်။
Ashin Issariya
ပညာတတ်တွေပြန်လာပါ
အလုပ်အကျွေး ပြု ကြပါဆိုပြီး
သူတို့ပဲလူကြားကောင်းအောင်ပြော
အခမဲ့စာလာသင်တာကိုနှင်တာဘာဥပဒေ
နဲ့ငြိသတုန်း အခြေခံဥပဒေမှာပါလို့လား
အဲလိုဆိုမီးသာပုံရှို့လိုက်...
ဂယ်ပဲ ကျွတ်ကျဲတယ်.....
Ye Yint Nge


Inga kommentarer:
Skicka en kommentar