အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 17 augusti 2014

ကာအိနြေ္ဒပျက်ပြားအောင် ရင်သားကို ကိုင်တွယ်ခဲ့သည့် တရုတ်နိုင်ငံသားအား မိခင်နိုင်ငံသို့ ပြန်လွှတ်...

ကာအိနြေ္ဒပျက်ပြားအောင် ရင်သားကို ကိုင်တွယ်ခဲ့သည့် တရုတ်နိုင်ငံသားအား မိခင်နိုင်ငံသို့ ပြန်လွှတ်...


(ဟာဂျူလီ-ကသာ)
*************
စစ်ကိုင်းတိုင်းဒေသကြီးအပိုင် ထီးချိုင့်မြို့ မောင်းကုန်းကျေးရွာရှိ တရုတ် မြန်မာ ဖက်စပ်လုပ်ကိုင်နေသော myanmar cnico Co.ltd နီကယ်တူးဖေါ်ရေးမှ
တရုတ်နိုင်ငံသား တစ်ဦးက ကတ္တားစာရေးမ(မြန်မာအမျိုးသမီး ) တစ်ဦးအား အဓမ္မကျင့်ကြံရန် ကြံစည်မှု တစ်ခုဖြစ်ပေါ်ခဲ့ရာ ကျူးလွန်သူ တရုတ်နိုင်ငံသားအား
မြန်မာအမျိုးသမီးမှ အမှု မလုပ်လိုကြောင်း နှင့် စက်ရုံစည်းကမ်းအတိုင်းသာ အရေးယူပေးရန် ဆန္ဒအရ အမှု မဖွင့်ဘဲ တရုတ်နိုင်ငံသားအား အလုပ်မှထုတ်၍
တရုတ်နိုင်ငံသို့ စက်ရုံပိုင် ယာဉ်အမှတ် ၆ဂ/၄၂၀၀ဖြင့် ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်၊
ဖြစ်ပွားပုံ အသေးစိပ်မှာ ၆၊၈၊၁၄ရက်နေ့ညနေ(၅)နာရီအချိန်က တရုတ်နိုင်ငံသာ ပညာရှင် Mr Lian Zhizhong (pp No .G50831204 ၊ Visa No B519226)
သည် တစ်ဌာတည်း လုပ်ကိုင်သည့် မြန်မာအမျိုးသမီးဖြစ်သူ ကတ္တားစာရေး မဆွေ-----(၂၉နှစ်)အား မတရားပြုကျင့်ရန်ကြံစီခဲ့ပြီး အဆုံးစွန် မပြီးမြောက်ခဲ့သော်လည်း
ရင်သားများ ပွတ်သပ်ကိုင်တွယ်ခြင်း ခံခဲ့ရပါသည်၊ ထိုဖြစ်စဉ်အပေါ် မဆွေ--- မှ မကျေနပ်၍ နီကယ်စက်ရုံမှ မြန်မာအလုပ်သမားတာဝန်ခံ အရာရှိ ဦးသန်းထွန်းအောင်ထံသို့ တိုင်ကြားခဲ့ပါသည်၊
ထိုတိုင်ကြားမှုအရ သြဂုတ်လ ၈ရက်နေ့ မနက်(၁၀)နာရ(၂၀)မိနစ်အချိန်တွင် ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ်အောင်၊
ခရိုင်အလုပ်သမားဦးစီးအရာရှိ ဒေါ်တင်မာပို၊ လ၀ကဦးစီးအရာရှိဦးကျော်မြင့်နှင့် နီကယ်စက်ရုံဘက်မှ Mr XING YONG DONG ၊ Mr CHEN YEHAN ၊ Mr TIAN HAIFENG၊ Mr LIAIJUN တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တာဝန်ရှိသူများရှေ့တွင် ကျူးလွန်သူ Mr Lian Zhizhong မှ မဆွေ--အား တောင်းပန်ခဲ့ပြီး မဆွေ-- အား ငွေ(၅)သိန်း၊မဆွေ၏ မိခင်နှင့် ခင်ပွန်းအား (၁)သိန်းစီ နစ်နာကြေး ပေးခဲ့ကြောင်း သိရပါသည်၊ ထိုသို့ ညှိနှိုင်းမှုအရ ရဲစခန်းတွင် အမှုမဖွင့်တော့ပဲ တရုတ်နိုင်ငံသို့ ပြန်လွတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
(ဟာဂျူလီ-ကသာ)




                               မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar