အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 8 augusti 2014

ခြေထောက်တွင်ဗုဒ္ဓရုပ်ပုံတက်တူးထိုးထားသည့် ကနေဒါပါမောက္ခ ကို မြန်မာနိုင်ငံ မှ ပြန်ထွက် ခိုင်းခဲ့

ခြေထောက်တွင်ဗုဒ္ဓရုပ်ပုံတက်တူးထိုးထားသည့် ကနေဒါပါမောက္ခ ကို မြန်မာနိုင်ငံ မှ ပြန်ထွက် ခိုင်းခဲ့



အွန်လိုင်းစာမျက်နှာပေါ် တွင် ပျံ့နှံ့ခဲ့သော ခြေထောက်တွင် ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ရေးထိုး ထားသည့် ကနေဒါနိုင်ငံသားက ယင်း သို့ ဆေးမင်ထိုးရခြင်းမှာ ဗုဒ္ဓဘာသာ ကို ယုံကြည်သက် ဝင်၍ဖြစ် သည် ဟု ဘန်ကောက်ပို့စ်၏ ဖုန်းဖြင့်တစ်ဆင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟုသိရ သည်။
ဂျာဆန်ပိုလီအမည်ရှိ ကနေဒါ နိုင်ငံသားသည် ဟောင်ကောင်ဘက် တစ်တက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာ သင်ကြားနေသော ပါမောက္ခ တစ်ဦး ဖြစ်သည် ဟုသိရပြီး မဟာယာနဗုဒ္ဓ ဘာသာဝင် တစ်ဦးဖြစ် သည်ဟု သိရ သည်။ ဖုန်းဖြင့် အင်တာဗျူးပြုလုပ် ရာတွင် ဂျာဆန်ပိုလီက ၄င်းတည်းခို ရာနေရာ ရန်ကုန်ရှိ အင်းလျားလိတ် ဟိုတယ်သို့ စနေနေ့ညတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ အစိုးရ အရာရှိ ၁၅ဦးခန့် ပြီးခဲ့သော စနေနေ့ညက ရောက်ရှိခဲ့ပြီး ၄င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည် ဟုဆိုသည်။
ထို့နောက် အရာရှိများက ၄င်းအား ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံရေး ထိုးရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူမှန်း သိရှိ သောအခါ ကောင်းမွန်စွာ ဆက်ဆံပြောဆို လာသည်ဟုဆိုသည်။
အင်္ဂါနေ့တွင် ဖုန်းမှတစ်ဆင့် ဂျာဆန်ပိုလီက မြန်မာအစိုးရအရာရှိများသည် ၄င်း၏တက်တူး ဓာတ်ပုံသည် အင်တာနက်တွင်ပျံ့နှံ့နေကြောင်းနှင့် ၄င်းတက်တူးကြောင့် ဘေး အန္တ ရာယ်ဖြစ်နိုင်   ကြောင်းပြော ကြား ခဲ့ပြီး ဗုဒ္ဓဘာသာတွင် ဂိုဏ်းများကွဲပြားမှု ရှိကာ ခြေထောက်တွင် ဗုဒ္ဓပုံရေးထိုးခြင်းက ဗုဒ္ဓဘာသာဝင်ဒေသခံများအတွက် မသန့်ရှင်း နိမ့်ကျသောနေရာ တွင်  ဆေးမင် ထိုးခြင်းကြောင့် ဘာသာရေးစော်ကား ရာရောက်ပြီး ဒေသခံများက အန္တရာယ်ပြုနိုင်သည်ဟုရှင်းပြကြောင်း ဖြေကြား ခဲ့သည်။
ထို့နောက် အရာရှိခြောက်ဦးသည် ၄င်းခြေထောက်မှ ဆေးမင်ပုံကို အ ကြိမ်ကြိမ်ဓာတ်ပုံရိုက်ကူးယူကြပြီး တနင်္ဂနွေနေ့မနက်တိုင်အောင် ဟိုတယ်ပြင်ပ ထွက်ခွာခြင်းမပြုရန်မှာ ကြားခဲ့သည်ဟုဆို သည်။ သို့သော် တစ်နာရီခန့်ကြာပြီး နောက် မြန်မာအစိုးရ အရာရှိများသည် ပိုလီနှင့်ဟောင်ကောင်မှ ၄င်း၏ချစ်သူတို့ အတွက် အထုပ်အပိုးပြင်ဆင်ချိန် ၂ နာရီပေးပြီးနောက် လေဆိပ် သို့ခေါ်ဆောင် ခဲ့ကြသည်ဟုဆိုသည်။
ပိုလီက မြန်မာအစိုးရအရာရှိအချို့က ၄င်းကို မြန်မာနိုင်ငံမှ ထွက်ခွာခိုင်းခြင်းသည် ၄င်း၏လုံခြုံရေးအတွက် ဖြစ်သည်ဟု ရှင်းပြကြောင်းနှင့် အစိုးရအရာရှိများထဲတွင် တစ်ဦးမှာ ၄င်းကို ရိုင်းပျ စွာဆက် ဆံ၍ မကျေနပ်ကြောင်း တို့ကိုလည်း ဖုန်းမှဖြေကြားခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံမှ ဘာသာရေးအရ သင့်လျော်မှုမရှိ သောတက်တူးကြောင့် ပြန်လည် ထွက်ခွာစေခဲ့သော ကနေဒါပါမောက္ခ ရာဆန်ပိုလီသည် ဘန်ကောက်တွင် ရောက်ရှိနေပြီး ၄င်း၏ ကျန်ရှိနေသောအားလပ်ရက် ၂၃ ရက်ကို ထိုင်းနှင့်လာအို တို့တွင် ကုန်ဆုံးမည်ဟုဖြေကြားခဲ့ကြောင်း သိရသည်။

                                  မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar