အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

ISIL သူပုန်အဖွဲ့က ခေလာဖတ်စနစ်နှင့် အစ္စလာမ်နိုင်ငံတော်ကြေညာ

ISIL သူပုန်အဖွဲ့က ခေလာဖတ်စနစ်နှင့် အစ္စလာမ်နိုင်ငံတော်ကြေညာ

ISIL က ခလီဖာအဖြစ် တင်မြှောက်လိုက်သော အဗူဘကရ်အလ်ဘဂ်ဒါဒီ
ISIL က ခလီဖာအဖြစ် တင်မြှောက်လိုက်သော အဗူဘကရ်အလ်ဘဂ်ဒါဒီ
အီရတ်နိုင်ငံနှင့် ဆီးရီးယားတို့တွင် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ISIL အဖွဲ့က နှစ်နိုင်ငံပေါင်း၍ “ခေလာဖတ် (သို့) အစ္စလာမ့် နိုင်ငံတော်” အဖြစ် ထူထောင်ကြောင်း ကြေညာလိုက်သည်။ တနင်္ဂနွေနေ့က အင်တာနက် စာမျက်နှာတွင် ပေါ်ထွက်လာသော Audio အသံဖိုင် တွင် အီရတ်နှင့် ဆီးရီးယား အစ္စလာမ့် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (ISIL) က အစ္စလာမ့် နိုင်ငံတော်၏ ခေါင်းဆောင် ခလီဖာဟ် အဖြစ် အဗူဘကရ် အလ်ဘဂ်ဒါဒီကို တင်မြှောက်ကြောင်း ကြေညာသည်။
ဘဂ္ဂဒါဒီသည် ISIL ၏ ခေါင်းဆောင်လည်း ဖြစ်ကြောင်း ယုံကြည်ရပြီး ယခုအခါ အစ္စလာမ့် နိုင်ငံအဖြစ် အီရတ်နိုင်ငံ ဒီယာလာ ပြည်နယ်မှ ဆီးရီးယားနိုင်ငံ အလီပို ဒေသ အထိ သတ်မှတ်ထားကြောင်း ကြေညာချက်အရ သိရသည်။           “အစ္စလာမ့်နိုင်ငံတော်၏ အတိုင်ပင်ခံ ကောင်စီအနေနဲ့  ဒီခေလာဖတ် ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်၊ အစ္စလာမ့် နိုင်ငံတော်က အစ္စလာမ့် ခလီဖာဟ်စနစ်ကို ထူထောင်ပြီး အဲဒီကနေ တိုင်းပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ် တွေ အတွက် ခေါင်းဆောင် (ခလီဖာ) တစ်ဦးကို ရွေးချယ် တင်မြှောက် ခဲ့ကြတာပါ” ဟု ISIL အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ မိုဟာမက် အလ်အဒ်နာနီက ဆိုသည်။ “အစ္စလာမ့် နိုင်ငံတော် ဖြစ်လာတဲ့အခါ နာမည်မှာ ISIL အဖွဲ့ရဲ့ အမည်ဖြစ်တဲ့ ‘Iraq’ တို့ ‘the Levant’ တို့ကို ပယ်ဖျက်ပြီး တရားဝင် ရုံးစာတွေမှာ သုံးစွဲမှာ မဟုတ်တော့ပါဘူး၊ အစ္စလာမ့် နိုင်ငံတော်ဆိုတာ မုဂျာဟစ်တွေရဲ့ မျှော်လင့်ချက်ပါ” ဟု အဒ်နာနီက ဆိုသည်။ ခေလာဖတ် နိုင်ငံဆိုသည်မှာ အစ္စလာမ့် သမ္မတတစ်ဦးက ခေါင်းဆောင်ပြီး နယ်မြေ ကန့်သတ်ချက် မထားသော စနစ်ဖြစ်ကြောင်း အလ်ဂျဇီးရား သတင်းထောက် အင်မရန်းခန်းက သတင်းပေးပို့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့က “စစ်မှန်သော မွတ်စလင်မ် နိုင်ငံ” အဖြစ် ၎င်းတို့၏ ခေလာဖတ် အုပ်ချုပ်မှုကို ကြေညာချိန်တွင် အီရတ်ရှိ အခြား စွန္နီ လက်နက်ကိုင်များအတွက် ပြဿ     နာရှိနိုင်သည်။ ထိုသူတို့က အီရတ်တွင် ဝန်ကြီးချုပ် နူရီမာလီကီ၏ ဗဟို အစိုးရကို တိုက်နေခြင်း ဖြစ်ပြီး ခေလာဖတ် တိုင်းပြည်အတွက် တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း သတင်းထောက်က ဆိုသည်။
ISIL တပ်ဖွဲ့ဝင်များ
ISIL တပ်ဖွဲ့ဝင်များ
… တိကရစ် တိုက်ပွဲ …
အလားတူ ISIL က အီရတ်မြောက်ပိုင်းရှိ ယခင် အာဏာရှင်ဟောင်း ဆဒန် ဟူစိန်၏ မွေးရပ်ဇာတိမြို့ ဖြစ်သော တိကရစ်မြို့ကို အစိုးရတပ်များ ဆက်လက် ထိန်းချုပ်မှုမှ ၎င်းတို့ ပြန်လည် သိမ်းပိုက်နိုင်ရန် တိုက်ခိုက်သွားမည်ဟု ကြေညာသည်။ အစိုးရ တပ်များကလည်း တိကရစ် တက္ကသိုလ် အနီးရှိ ISIL အဖွဲ့များကို တိုက်ခိုက်ရန် အတွက် တင့်ကားများ၊ ရဟတ်ယာဉ် များ စေလွှတ်ခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောသည်။
အမေရိကန်က ပေးပို့သော စစ်ရေးအကြံပေး ၃၀၀ နှင့် မောင်းသူမဲ့ လေယာဉ်များ အကူ အညီဖြင့် အီရတ်စစ်တပ်က ISIL တို့အား ထိုးစစ်ဆင်မှုများ ပြုလုပ် လာခဲ့သည်။ စနေ့နေညက ရုရှားမှ ဆူခွိုင်း တိုက်ခိုက်ရေး ဂျက်လေယာဉ် ၅ စီး ဘဂ္ဂဒက်မြို့သို့  ရောက်ရှိလာပြီး မကြာမီ ရက်များအတွင်း ISIL အား တိုက်ခိုက်ရာတွင် အသုံးပြု သွားမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။
Source : Al Jazeera
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

                              မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar