အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

လုပ်လို့ရရင် လုပ်ကြဦးမှာ၊ ဖမ်းကွာ

လုပ်လို့ရရင် လုပ်ကြဦးမှာ၊ ဖမ်းကွာ


Moe Zay Nyein
June 28
မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေ ဖတ်နေရတော့ အိမ်း - ကောင်းလေစွ၊ ကောင်းလေစွ ပေါ့။ သတင်းတွေ ဖတ်ရင်းနဲ့ ကြုံဖူးတာလေးတစ်ခုကို ဖျတ်ကနဲသတိရမိတယ်။

တစ်ခါက ခင်မင်တဲ့ ဒုရဲအုပ်ကောင်လေးတစ်ယောက် ရှမ်း-ရှေ့(ရပရ-ရှေ့) ကို ပြောင်းသွားတယ်။ သူပြောင်းသွားပြီး သိပ်မကြာခင်မှာပဲ သတင်းကောင်းတစ်ခု ကြားရတယ်။ အဆိုပါဒုရဲအုပ်လေးဟာ ရပရထဲက ဂိတ်တစ်ခုမှာ စစ်ဆေးရေး တာဝန်ကျခိုက် သိန်းထောင်ပေါင်းများစွာရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနိုင်တယ် ဆိုတဲ့ သတင်း၊ ဒါ့ကြောင့်မို့ ရပရမှူးမှ ချီးကျူးကြောင်းသတင်း၊ ပမာဏ အတော်အသင့်များတဲ ဆုကြေးငွေတို့ ရရှိကြောင်း သတင်းတွေကို ကြားသိလိုက် ရပါတယ်။ လာမဲ့ ၀ထရအစည်းအဝေးမှာ တဆင့်မြှင့်ရာထူးတိုးပေးဖို့ စဉ်းစားကြတဲ့ အကြောင်းပါ အသံသဲ့သဲ့ကြားမိတယ်။ ကိုယ့်လူတော့ တယ်ဟုတ်နေပါလား - ကောင်းပေစွပေါ့။

နောက်လအတန်ကြာတော့ ရဲအုပ်အလောင်းအလျာလေးက ကိစ္စတစ်ခုနဲ့ နေပူတော်ကို ရောက်လာလို့ ကျွန်တော်နဲ့ တွေ့ဖြစ်ကြတယ်။ လာကွာ၊ တနေရာ သွားရအောင်၊ မင်းသတင်းတွေကြားတယ်။ ငါပြုစုပါမယ် ပေါ့။ ဒီလိုနဲ့ မောခမ်းနွံမှာ ထိုင်စကားပြောဖြစ်တယ်။
* ကျွန်တော် - တလောက မင်း မူးယစ်ဆေးဖမ်းလိုက်တာ တို့လူကြီးတွေတော့ အတော်သဘောကျနေသကွ။ အတွေ့အကြုံလေး ပြောပါဦး။
* ဒုရဲအုပ် - အာ၊ အကိုကြီးရာ။ ဒီလူတွေက အချိုးမပြေလို့ပါ။ မှတ်လောက် သားလောက် ဖြစ်အောင် ဖမ်းပေးလိုက်တာ။
* ကျွန်တော် - အွန်၊ ဘယ်လို?
* ဒုရဲအုပ် - သူတို့သယ်လာမဲ့ လမ်းကြောင်းက ခင်းပြီးသားဗျ၊ ဘယ်နေ့မှာ ဘယ်လောက် သယ်လာမယ်၊ အဲဒါအတွက် ဆိုင်ရာ ဆိုင်ရာတွေကို ဘယ်လောက် ဆိုပြီး လမ်းကြောင်းခတွေလည်း ရပြီးသားဗျ။ ဒါပေမဲ့ ကျွန်တော့်ဆီကအဖြတ် စစ်ဆေးကြည့်တော့ သူတို့သယ်လာတာက ပြောထားတဲ့ပမာဏထက် ပိုနေတယ်။ နှစ်ပေါက်တစ်ပေါက်ရိုက်တာပေါ့ဗျာ။ ကျနော်လည်း အပေါ်(သူ့အထက်အရာရှိ ဖြစ်ဟန်တူ) ကို လှမ်းပြောတော့ ထပ်တောင်းရမယ်ပြောတယ်။ အဲ့တာနဲ့ ကျနော်က ခများတို့ သယ်လာတာက ညှိထားတာထက် ပိုများနေတယ်၊ ထပ်ပေးရမယ်လို့ ထပ်တောင်းတယ်။ သူတို့က မပေးဘူးဗျ။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ ဈေးလျှော့ပေးပါတယ်။ သူတို့ကလည်း လုံးဝထပ်မပေးနိုင်ဘူးလို့ တင်းခံနေတယ်။ နောက်ဆုံး အပေါ်ကို လှမ်းတိုင်ပင်တော့ ဒါမျိုးတော့ အကျောမခံနဲ့- နောက်ဆို ဒါမျိုးလုပ်လို့ရရင် လုပ်ကြဦးမှာ၊ ဖမ်းကွာ ဆိုတာနဲ့ ဖမ်းပလိုက်တာ။ ဒါပါပဲဗျာ။
* ကျွန်တော် - တိန်

(ပုံစာ- ရပရ(ရှမ်း-အရှေ့)ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ် တစ်ခု မြင်ကွင်း)


Inga kommentarer:

Skicka en kommentar