အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 9 juli 2014

ကော့သောင်းဘုရင့်နောင်ရပ်ကွက်စာရေးခင်ညွန် စားခွက်ပျောက်


ကော့သောင်းဘုရင့်နောင်ရပ်ကွက်စာရေးခင်ညွန့်စားခွက်ပျောက်

ကော့သောင်းမြို့ဘုရင့်နောင်ရပ်ကွက်ရုံးသည် 8.7.2014 ညတွင် အင်အားတော်ပြင်းသည့် တစ်နာရီမိုင် (50)ကျော်ခန့်လေပြင်းတိုက်ခတ်သဖြင့် ဘုရင့်နောင်ရပ်ကွက်ရုံးအပေါ်ထပ်နှင့် အောက်ထပ်လုံးဝအသုံးပြု လို့မရအောင်ပျက်စီးဆုံးရှုံးသွားပါသည်၊ထို့အပြင် ဘုရင့်နောင်ရပ်ကွက်ရုံးရှေ့တွင် ကတ်ကြေးကိုကြော်နေ   သောသားအဖလည်းအနည်းငယ်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားကြောင်းကြားသိ  ရပါသည်၊ ဖြစ်စဉ်မှာ ရုံးနံဘေး လ၀က အိမ်ယာတန်းလျားမှ တောသဖန်းပင်သည် ပြီးခဲ့သည့်နှစ်တွင် အန္ဒရယ်ရှိသည်ဟုဆိုပြီး အပင်ကိုချိုင်ထားပါသည် ထို့အပြင် အပင်အားအပြီးသတ်လှဲခြင်းမပြုလုပ်ဘဲ အပင်ရင်းတွင် ပုဆိန်ဖြင့် အပင်လှဲမည့်ဟန် အရာသုံးလက်မခန့် ခုတ်ထားပြီး အပြီးသတ်မလှဲခဲ့သည့်အတွက် တစ်နှစ်လုံးလုံး အခက်လက်ဝေဆာပြီး ရှစ်ရက်နေ့ညတွင် လေပြင်းတိုက်ခတ်ပြီးရုံးအပေါ်သို့လှဲကျခဲ့ပါသည်။
ထို့သို့ရုံးပေါ်သို့ သဖန်းပင်လာရောက်လှဲသည့်အတွက် ရုံးရှေ့တွင် ထိုးထားသော သက်ကြားအိုစာရေးခင်ညွန့်ဆိုင်ကယ်။ရုံးတွင်အမြဲဟောင်ဖွာဟောင်ဖွာနှင့်ရှိနေတတ်သော ဘိုင်ကြီးဆိုသူ၏ဆိုက်ကယ်နှင့် အခြားအမည်မသိဆိုက်ကယ်ပေါင်းသုံးစင်းပိနေကြောင်းကြားသိရပါသည်။
ထိုကဲ့သို့ လှဲကျလာသည့်အပင်သည် တာဝန်ရှိသူမှ အပြီးသတ်မခုတ်လှဲခဲ့သည့်အတွက် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ထိုကဲ့သို့အကျိုးဆက်များပေါ်ပေါက်လာနိုင်သည်ကို ထမင်းစားသည့်ဥဏှောက်များဖြင့်နောင်တွင်ဆင်ခြင်နိုင်ကြပါစေရန် ရည်ရွယ်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
စာကျွင်း။           ။ ထိုသို့ပြည်သူပိုင်ကြီးပြား(ပိုက်ဆံ)ဖြင့်ဘုရင့်နောင်ရုံးကြီးပျက်စီးဆုံးရှုံးမှုအပေါ်တွင်  အထူးပင်ဝမ်းနည်းကြေကွဲနေသူမှာ သက်ကြားအိုစာရေးခင်ညွန့်နှင့်သူ၏ ရှုမငြီးဖွယ် ချစ်ဇနီးမအေးဆိုသူဖြစ်ကြောင်းကြားသိရပါသည် အကြောင်းမှာ ဘုရင့်နောင်ရုံး ဥက္ကဌအား ကျမ်းမာရေးချို့တဲ့နေသော်လည်း အနားမပေးဘဲ စာရေးခင်ညွန့်မှ သူပင်ဥက္ကဌသူပင်စာရေးလုပ်နေပြီး ဥက္ကဌရုံးခန်းကို နေ့စဉ်ဖဲဝိုင်းထောင် ငှါးစားနေသည်မှာ တစ်ရက်ကိုနှစ်သောင်းသုံးသောင်းပင်တွက်ခြေကိုက်နေသောကြောင့် ဖြစ်ကြောင်းရပ်ကွက်နေပြည်သူမှသိရှိ ရပါသည်၊
အထူးကံကောင်းသည့်အချက်မှာ နေ့ဘက် ဖဲဝိုင်းထောင်ချိန်တွင် သစ်ပင်လှဲခဲ့ပါက မတွေးဝံ့စရာနော်

တောတွင်းသူပုန်စခန်းအသွင်အမြင်တစ်မျိုးဖြင့်ဘုရင့်နောင်ရုံးပုံ                                     


                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar