အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

သစ်ထူးလွင် သတင်းဝက်ဆိုဒ်အား ပြည်တွင်းမှ မီဒီယာများမှ ဆန်ကျင့်ရှုတ်ချခြင်း

သစ်ထူးလွင် သတင်းဝက်ဆိုဒ်အား
ပြည်တွင်းမှ မီဒီယာများမှ
ဆန်ကျင့်ရှုတ်ချခြင်း
မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ
===============================
ရန်ကုန်၊ ဇူလိုင် ၂- ဇူလိုင် ၁ရက် ညပိုင်းက မန္တလေးမြို့၈၂လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်အနီးတွင် လူစု လူဝေးဖြင့် တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တာ ဝန်ခံ တာဝန်ယူမှုမရှိသည့် တရားဝင် သတင်းဝက်ဘ်ဆိုက်မဟုတ်သော သစ်ထူးလွင်ဝက်ဘ်ဆိုက်မှ သတင်း တစ်ပုဒ်ကြောင့် အစပြုဖြစ်ပွားခဲ့ ခြင်းဟု သတင်းများထွက်ပေါ်ခဲ့ရာ အွန်လိုင်းသုံးစွဲသူများ အနေဖြင့် ယင်းသို့သောတရားမဝင် သတင်း ဝက်ဘ်ဆိုက်မှ သတင်းများထက် တရားဝင်သတင်းမီဒီယာများဖြစ် သည့် Main Stream Media များမှ သတင်းများကိုသာနှိုင်းယှဉ် ဆန်းစစ် မှုရှိစွာဖြင့် ရွေးချယ်အသုံးပြု သင့် ကြောင်း ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းက ပြောကြားလိုက်သည်။

သစ်ထူးလွင်သတင်း ဝက်ဘ် ဆိုက်သည် ပြည်တွင်းမှထုတ်ဝေ သည့် သတင်းမီဒီယာများ၏ သတင်း များကိုခွင့်ပြုချက်မရရှိဘဲ သုံးစွဲလျက် အွန်လိုင်းကြော်ငြာများမှ အခကြေးငွေ ယူ၍အကျိုးအမြတ်ရယူနေသည့် Illegal ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ''ဒီသစ်ထူးလွင်ဘလော့ဂ်က ကျင့် ဝတ်မရှိ ဘူး။ ကော်ပီ ရိုက်ချိုးဖောက် ထားတယ်။ မီဒီယာတွေ ပင်ပင်ပန်းပန်း ကြိုးစားထားတဲ့ သတင်းတွေကို အညွန့် ခူးစားထားတဲ့အတွက် ဝင်ကြည့် တဲ့ သူ တွေ အရမ်းများပြီးတော့ နာမည်ကြီး လာတဲ့ ဝက်ဘ်ဆိုက်ဖြစ်တယ်။ ဒီ အပေါ်မှာ အကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ Source တစ်ခုဖြစ်သွား တယ်။ ပြီးတော့ ဒီအကြမ်းဖက်လုပ် ရပ်ကို လုပ်လိုသူတွေက သူ့ကိုအ သုံးချတဲ့သဘောဖြစ်သွားတယ်။ ဒီ ကိစ္စမှာ သူကိုယ်တိုင်ပါပါမပါပါ အန္တရာယ်ရှိလာတာတော့အမှန်ပဲ။ ဒါကြောင့် မီဒီယာတွေအနေနဲ့ သူ တို့ရဲ့သတင်းတွေကို သုံးစွဲခွင့်မပြု တဲ့အကြောင်း တရားဝင်လှမ်းပြီး ကန့်ကွက်သင့်တယ်။ နောက် စာနယ် ဇင်းကောင်စီကိုလဲ တိုင်ကြားဖို့လို တယ်။ သက်ဆိုင်ရာရှေ့နေတွေနဲ့ လဲ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွား လို့ရ အောင်လုပ်သင့် တယ်။ နောက် ဒီ ဘလော့ဂ်က အမေရိကန်နိုင်ငံကနေ လုပ်နေတဲ့ ဝက်ဘ် ဆိုက်ဖြစ်တဲ့ သူခိုး ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် အမေရိ ကန်ဥပဒေနဲ့ လည်းငြိနေ တယ်။ အ ကြမ်းဖက်လုပ်ရပ်ကို အားပေးတဲ့ သဘောဖြစ်လာတဲ့အတွက် မြန်မာ အစိုးရအနေနဲ့ အမေရိကန် အစိုးရ ကို လှမ်းပြီး ဒီဝက်ဘ်ဆိုက်ကို ပိတ် ခိုင်းဖို့ မေတ္တာရပ်ခံသင့်တယ်''ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။

                                                           မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar