အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 20 juli 2014

အာဇာနည်နေ.မှာ ဟွန်းတီးပြီးအလေးပြုလို. လိုင်စင်အဖမ်းခံရတာဂုဏ်ယူတယ်

အာဇာနည်နေ.မှာ ဟွန်းတီးပြီးအလေးပြုလို. လိုင်စင်အဖမ်းခံရတာဂုဏ်ယူတယ်



Kyaw Swar Myint

လိုင်စံသိမ်းခံရသူ ကိုငြိမ်းမင်းသူကို မီဒီယာတစ်ဦးကမေးတယ်။
" လိုင်စင်သိမ်းခံရတဲ့အတွက် ဘယ်လိုခံစားရလဲ " တဲ့။ သူက
" ကျနော် ကျေနပ်တယ်။ ဂုဏ်ယူတယ်။ လိုင်စင်ဆိုတာ ပြန်လျှောက်လို့ရပါတယ်။
 ဝမ်းမနည်းပါဘူး။ အာဇာနည်တွေကို ဟွန်းတီးပြီး အလေးပြုလိုက်ရတဲ့အတွက်
ကျနော် ဝမ်းသာပါတယ် " လို့ပြန်ဖြေသွားတယ်။

ဖြစ်စဉ်မှာ လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့် ယာဉ်မောင်းကိုငြိမ်းမင်းသူ
အား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူးရှိသည့် ယာဉ်ထိန်းရဲအရာရှိ
ဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှပင် အာဇာနည်နေ.ကို ဥသြစွဲပေးခြင်းအပြင်
မီးသတ်ယာဉ်များဖြင့်တောင် ဥသြစွဲပေးနေချိန်တွင် ယခုကဲ့သို. လုပ်ဆောင်ခြင်း
အပေါ် မေးခွန်းထုတ်စရာများဖြစ်နေပေသည်။ မနလေးတိုင်းတွင်မူ လမ်းပန်းဆက်သွယ်
ရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင်မှ ကား၊မော်တော်ဆိုင်ကယ်များဖြင့် ဟွန်းတီး
အလေးပြုနိုင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သတင်းဓါတ်ပုံ- Ya Minn Eain.



Inga kommentarer:

Skicka en kommentar