အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 17 juli 2014

ဝတ်လစ်စလစ် အရာရှိကြီးများ

ဝတ်လစ်စလစ် အရာရှိကြီးများ


တရုတ်လမ်းစဉ်နောက်ကို လိုက်မှာဆိုရင်လည်း ဒါမျိုးလေးတွေနောက် အရင် လိုက်ဖို့ ဦးသိန်းစိန်အစိုးရကို အကြံပြုချင်ပါတယ်။
တရုတ်ပြည်မှာ ရေပန်းစားနေတဲ့ စကားလုံးက Naked Officials တဲ့။ ဝတ်လစ်စလစ်လို့ ဘာသာပြန်လိုက်ပေမဲ့ အဝတ်အစားမပါတဲ့ အရာရှိကြီးတွေတော့ မဟုတ်ရှာကြပါဘူး။ ပါကြပါတယ်(အဝတ်အစား)။
မိသားစု၊ ဆွေမျိုးအရင်းအချာတွေ နိုင်ငံခြားကို သွားရောက် အခြေချနေထိုင်နေတဲ့ အရာရှိကြီးတွေကို ခေါ်ဆိုတာပါ။
တရုတ်နိုင်ငံထဲမှာ မတရားရှာထားတဲ့ ငွေတွေကို နိုင်ငံခြားရှိ မိသားစု၊ ဆွေမျိုး အရင်းအချာတွေဆီ လွှဲပြောင်းပေးအပ်တဲ့ အရာရှိကြီးတွေကို ရည်ညွှန်းပါသတဲ့။
တရုတ် လက်ရှိအစိုးရက ဆယ်ပြည်နယ်မှာရှိတဲ့ ဝတ်လစ်စလစ် အရာရှိတွေကို အထူးထောက်လှမ်းစစ်ဆေးရေးတွေလုပ်နေပါတယ်။
မှန်တယ်ဆိုစေဦးတော့ ဝတ်လစ်စလစ်ဆိုရင် မျက်ခြေမပြတ် စောင့်ကြည့် တာတော့ ခံရတော့မှာပါ။ တစ်စချင်းပြောင်လဲလာနေတဲ့ တရုတ်ပြည်ရဲ့ အကျင့်ပျက်အကောင်ကြီးတွေကို တဖြည်းဖြည်းဖြိုခွဲလာနေပုံတွေဟာ နိုင်ငံ အတွက် အားရှိစရာပါပဲ။

ဦးသိန်းစိန်အစိုးရအနေနဲ့ နောက်ကြောင်းကင်း ဘာညာတွေ ကွိကွိကွကွ အော် မနေဘဲ 
ဒါမျိုးတွေ ကောက်လုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။
အနောက်နိုင်ငံကြီးတွေကိုအသာထား စင်္ကာပူမှာတင်ပဲ ဘန်ဂလိုနဲ့ အဆင်းရဲ ဆုံးနိုင်ငံဖြစ် သူဌေးကြီးတွေ နည်းမှာမဟုတ်ဘူး။
စင်္ကာပူမှရယ်လည်း မဟုတ်ပါဘူးလေ၊ ဖမ်းမယ်ဆို ဘယ်သူမှ ဘယ်ကိုမှ ထွက်မပြေးတဲ့ ဝတ်လစ်စလစ် အရာရှိတွေက ပြည်တွင်းထဲမှာကို အများကြီး။



အင်း ပြည်တွင်းထဲမှရယ်လည်း မဟုတ်ပါဘူးလေ၊ နေပြည်တော်မှာတင် ပဲ ထောင်မဆန့်လောက်ဘူး။
ဒီတော့ ဆက်ပြီးအကြံပြုချင်တာက နေပြည်တော်က အရာရှိ(အကြီးစားကြီးတွေ)အားလုံးကို အရင်ဖမ်း၊ စစ်ဆေး။ အပြစ်မရှိတာသေ ချာမှ ပြန်လွှတ်။ ပြန်လွှတ်စရာလူ မရှိလည်း ဘယ်တတ်နိုင်ပါ့။

ပြောမယ့်သာပြောရတာ ဖမ်းမယ်ဆို ဆင်ပေါ်က ယပ်တောင်နဲ့ ဘုရင် လင်မယားကို အရင်ဖမ်းရမှာ။ 
 
                                     မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar