အရူးဘုံမြှောက်ချီးခြောက်ကောက်စား
၂၀၁၃ ခုနှစ်၊ မေလ (၈) ရက် | TEOL
ရပ်ထဲ ရွာထဲတွင် အရူးတစ်ယောက်ရှိသည်။ သူ့ကိုနိုင်သည့် ကာလသားတို့က
မုန့်ပဲသရေစာကျွေးပြီး အမျိုးမျိုးခိုင်း၍ ပျော်တော်ဆက်စေသည်။
အရူးကလည်း မြှောက်ပေးပြီဆိုရင် ဘာမဆို လုတ်ပြတတ်သည်။
မင်းသားသိန်းဇော်နှင့်တူသည်ဟု ပြောလိုက်လျှင် မန္တလေးသိန်းဇော်အတိုင်း
ဇာတ်ထုတ်ခင်းသည်။ ဦးနေ၀င်းနှင့်တူသည်ဟု ပြောလိုက်ပြန်လျှင်လည်း
သူ့ခမျှာ ကိုယ်နေဟန်ထားအပြည့်ဖြင့် `စစ်တပ်က မိုးပေါ်ထောင်မပစ်ဘူး။
ပစ်ရင် မှန်အောင် တည့်တည့်ပစ်တယ်´လို့ လုပ်ပြရသည်ကလည်း အမော။
ကျော်ဟိန်းလို့ပြောလိုက်လျှင်လည်း ကျော်ဟိန်း လုပ်ပြတတ်သည်။ တစ်ခါ
တစ်ရံ မြောင်းထဲတွင်ရေချိုးရင်း ပရိတ်ကြီး၁၁သုတ်ကို ရော့ခ်အင်ရိုးသီချင်း
လုပ်ဆိုချင်ဆိုနေတတ်သည်။ အပေါ့စွန့်ရင်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို မာမာအေး
သံစဉ်များနှင့်လည်း ချွဲနွဲ့ပြီး ဆိုချင်ဆိုနေတတ်သည်။ ဆိုနေရင်းက မျက်ရည်ပေါက်ပေါက်ကျအောင်လည်း ငိုချင်ငိုသည်။
တစ်ယောက်တည်းထိုင်၍ စကားပြောရင်းက အူယား ဖားယား ဟားတိုက်ရယ်ကာ ကျင်ငယ်များ ထွက်ကျသည်လည်း
ရှိတတ်သည်။
ရံဖန်ရံခါ စိတ်ဖောက်သည့်အခါ ကောင်းကင်ပေါ်က လထွက်ရသည်ကို စိတ်နှင့်မအပ်စပ်၍ မြေပြင် စပါးခင်း မြက်ခင်းတွေကြားက ထွက်လာဖို့ ပြင်ဆင်မည်ဟု ကြုံးဝါးလေ့ရှိသည်။
လမိုက်ညတွေရဲ့ မှောင်မိုက်ခြင်းကိုလည်း မနှစ်မြို့သည့်အခါ နေမင်းကြီးကို ညအခါ ထွက်ပြူစေ၍ လင်းအောင်လုပ်အုံးမည်ဟုလည်း သူ့ခမျှာ ပြင်ဆင်ဖို့ စိတ်ကူးတတ်လေ့ရှိပြန်သည်။
ဆက်ရေးလျှင် လိုရင်းရောက်ဖို့ ဝေးသွားမည်။ ထို့ကြောင့် လိုရင်းကို ဆက်ပါအုံးမည်။
သူ့ရဲ့အသုံးတော်ခံရာ ဇရပ်ပေါ်မှာတော့ အောက်ပါပုဂ္ဂိုလ်များ နေထိုင်သည်။
တစ်ခါမှာတော့ ၀ရန်းပြေးနှိမ်နင်းရေးအတွက် မြို့ပေါ်က အထူးဂတ်ပလိပ်အဖွဲ့တွေ ဆင်လာပြီး ရွာ့ပြင် ဇရပ်ကို ရှောင်တခင်စစ်ဆေးသည်။ ဒီအခါမှာတော့ အားလုံးဟာ အရူးများဟန်ဆောင်လိုက်ကြပြီး အရူးကို ဒီအဖွဲ့ရဲ့ဆရာဖြစ်ကြောင်း ဖြတ်ထိုးဉာဏ်ရှိတဲ့ စစ်ပြေး ဗိုလ်ထွဋ်က ပလိပ်အဖွဲ့ကို ပြောပြလိုက်သည်။ ထိုအချိန် အရူးသည် ဇရပ်အစွန်းထောင့်တစ်နေရာတွင် သီချင်းဆို၍ ပလိပ်အဖွဲ့အား ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။
ပလိပ်အဖွဲ့ကလည်း မယုံနိုင်သေးဘဲ သံသယမျက်စေ့ဖြင့် ကြည့်နေသည်။ ထိုအချိန် ၀ရမ်းပြေးဆော်ကြမ်းမှ ငိုတလှည့် ရီတစ်မျိုးနဲ့ ပလိပ်ကို ၀င်ဖားကြည့်တော့ အခြေအနေက မလှဖြစ်နေသည်။ ထိုအခိုက် ကြာကူလီ ငတွန့်က အားလုံးကို အော်ပြောလိုက်သည်။ ဟေ့ ငါတို့ဆြာကြီး ပွဲတော်တည်ချိန်ရောက်လာပြီ။ ဆြာတော်ဖျားကို ပွဲတင်ဖို့ ပွဲပြင်ကြဟေ့လို့ ပြောလိုက်သည်။ ထောင်ထွက်ငတုံး(ခ) အခြောက်ကတုံး (ခ) ကတုံးမက ဇရက်အနီးတ၀ိုက်ရှိ ချီးခြောက်များကို ရေအိုးဖုံးပန်းကန်ပြားအားယူဆောင်၍ ကောက်ထည့်ပြီး အရူးရှေ့တွင် မှူးကြီးမတ်ရာများ မင်းကြီးထံတွင် အခစားဝင်သကဲ့သို့ ရိုသေခယစွာ ၀င်ရောက်၍ ရိုသေဟန်ဖြင့် ပေးလေတော့သည်။
အရူးခမျှာ အတိုက်အဖောက်ညီအောင် ညှိနှိုင်းထားခြင်း၊ ပြင်ဆင်ထားခြင်းမရှိတာကြောင့် ကြောင်နေသည်။ ထိုအခိုက် ထန်းရည်သမား မောင်သောင်းမှ `ဆရာကြီးခင်ဗျား စားသုံးရန် နတ်သုဒ္ဓါများ ရောက်ရှိပြီး အသင့်ဖြစ်နေပါပြီဖလား။ အမြန်ဆုံး စားတော်မူပါဖလား´လို့ ပြောလိုက်ခြင်းကြောင့် အရူးခမျှာ ဘုမသိ ဘမသိနှင့် မိမိအား ဆရာအဖြစ်တင်၍ ကျွေးမွှေးနေသော ချီးခြောက်များကို တကျွတ်ကျွတ်မြည်အောင် ကောက်ယူ စားသုံး၍ မြိန်ရှက်သည့်ဟန်ဖြင့် လုပ်ပြလေတော့သည်။
ထိုအခိုက် ဖဲသူခိုး အော်ကြက်ကြီး ရူးပျော်က `ရဲဘော်တို့ ငါတို့စခန်းထဲ ဂျပန်တွေဝင်လာပြီ ငါတို့ ဆြာကြီးကို ၀န်းရံကြ´လို့ အော်ဟစ် အချက်ပေးလိုက်ခြင်းကြောင့် အရူးနားတွင် အချို့မှာ ၀န်းရံ၍ ကာကွယ်စောင့်ရှောက်ဟန် လုပ်ပြလိုက်ကြပြီး၊ အချို့ကတော့ အနီးအနားက ဖြတ်သွားတဲ့ ပုရွက်ဆိတ်ကလေးများကို အင်အားသုံး၍ နှိမ်နင်းကြတော့သည်ကို ဌာနာအုပ်ကြီးနဲ့ ပလိပ်တို့မှာ မြင်ရ ကြည့်ရ ကြားရပြီး နှာခေါင်းရှုံ့၍ ခေါင်းတရမ်းရမ်းလုပ်ကာ ထွက်သွားကြပြီးနောက် အချိန်အနည်းငယ်ခန့်အကြာမှာတော့ အ၀တ်အစားအချို့နဲ့ ချောကလက်ပါကင်ထုပ်များ ဇရပ်အတွင်းသို့ ရောက်ရှိလာတော့လေသည်။
လာပို့သူများ ပြန်ထွက်သွားသည့်အခါ ပို့လိုက်သည့် သနားရည်စာများအား ၀ိုင်းဝန်းလုယက်ကြ၍ သွေးထွက်သံယိုမှုများ ဖြစ်ကြပြီး၊ အရူးခမျှာကတော့ ငါက ဆရာမို့လို့ နတ်သုဒ္ဒါစားရတယ်။ ဒင်းတို့ကတော့ စားစရာမရှိလို့ ရန်ဖြစ်နေကြတယ်လို့ပြောရင်း ချီးခြောက်များကို အားပါးတရ စားသောက်ပြီး ဇရပ်ရေအိုးအဖုံးအား အုပ်ရင်း ရေအိုးအတွင်းမှ ရေများကို သောက်သုံး၍ ဗိုက်ကားကာ အိပ်ပျော်သွားသလို၊ ၀ရန်းပြေး၊ ကြာကူလီ၊ စစ်ပြေး၊ ထောင်ထွက်တို့မှာလည်း သွေးထွက်သံယိုမှုများဖြင့် ရွာထိပ်ဇရပ်ကြီးဝယ် ခြေကုန်လက်ပမ်းကျပြီး အိပ်ပျော်သွားကြလေတယ်။
အရူးနာမည်ကတော့ `နေမျိုးဝေ´လို့ပဲ အမည်ပေး ကင်ပွန်းတပ်လိုက်ပါတယ်။ (တိုက်ဆိုင်သွားရင်တော့ ခွင့်လွှတ်ပါ)
မှတ်ချက်။
ဤကဏ္ဍသည် သရော်စာ ကဏ္ဍဖြစ်၍ ထွေရာလေးပါး ရေးသားခြင်းဖြစ်ပြီး
အသုံးပြုထားသည့်အမည်များ မတော်တဆ တိုက်ဆိုင်သွားမည်ဆိုပါက မည်သူ့ကိုမျှ
ရည်ရွယ်ခြင်းမဟုတ်ကြောင်း သိစေအပ်ပါသည်။ သရော်စာကဏ္ဍဖြစ်၍
သရော်သည့်အမြင်ဖြင့်သာ ဖတ်ရှုပါရန်။ မုန့်ပဲသရေစာကျွေးပြီး အမျိုးမျိုးခိုင်း၍ ပျော်တော်ဆက်စေသည်။
အရူးကလည်း မြှောက်ပေးပြီဆိုရင် ဘာမဆို လုတ်ပြတတ်သည်။
မင်းသားသိန်းဇော်နှင့်တူသည်ဟု ပြောလိုက်လျှင် မန္တလေးသိန်းဇော်အတိုင်း
ဇာတ်ထုတ်ခင်းသည်။ ဦးနေ၀င်းနှင့်တူသည်ဟု ပြောလိုက်ပြန်လျှင်လည်း
သူ့ခမျှာ ကိုယ်နေဟန်ထားအပြည့်ဖြင့် `စစ်တပ်က မိုးပေါ်ထောင်မပစ်ဘူး။
ပစ်ရင် မှန်အောင် တည့်တည့်ပစ်တယ်´လို့ လုပ်ပြရသည်ကလည်း အမော။
ကျော်ဟိန်းလို့ပြောလိုက်လျှင်လည်း ကျော်ဟိန်း လုပ်ပြတတ်သည်။ တစ်ခါ
တစ်ရံ မြောင်းထဲတွင်ရေချိုးရင်း ပရိတ်ကြီး၁၁သုတ်ကို ရော့ခ်အင်ရိုးသီချင်း
လုပ်ဆိုချင်ဆိုနေတတ်သည်။ အပေါ့စွန့်ရင်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို မာမာအေး
သံစဉ်များနှင့်လည်း ချွဲနွဲ့ပြီး ဆိုချင်ဆိုနေတတ်သည်။ ဆိုနေရင်းက မျက်ရည်ပေါက်ပေါက်ကျအောင်လည်း ငိုချင်ငိုသည်။
တစ်ယောက်တည်းထိုင်၍ စကားပြောရင်းက အူယား ဖားယား ဟားတိုက်ရယ်ကာ ကျင်ငယ်များ ထွက်ကျသည်လည်း
ရှိတတ်သည်။
ရံဖန်ရံခါ စိတ်ဖောက်သည့်အခါ ကောင်းကင်ပေါ်က လထွက်ရသည်ကို စိတ်နှင့်မအပ်စပ်၍ မြေပြင် စပါးခင်း မြက်ခင်းတွေကြားက ထွက်လာဖို့ ပြင်ဆင်မည်ဟု ကြုံးဝါးလေ့ရှိသည်။
လမိုက်ညတွေရဲ့ မှောင်မိုက်ခြင်းကိုလည်း မနှစ်မြို့သည့်အခါ နေမင်းကြီးကို ညအခါ ထွက်ပြူစေ၍ လင်းအောင်လုပ်အုံးမည်ဟုလည်း သူ့ခမျှာ ပြင်ဆင်ဖို့ စိတ်ကူးတတ်လေ့ရှိပြန်သည်။
ဆက်ရေးလျှင် လိုရင်းရောက်ဖို့ ဝေးသွားမည်။ ထို့ကြောင့် လိုရင်းကို ဆက်ပါအုံးမည်။
သူ့ရဲ့အသုံးတော်ခံရာ ဇရပ်ပေါ်မှာတော့ အောက်ပါပုဂ္ဂိုလ်များ နေထိုင်သည်။
- အိမ်က နှစ်မထဘီခိုး၍ တရုတ်အန့်ကူဆိုင်မှာ သွားပေါင်ပြီး ထန်းရည်ကြွေးဆပ်လို့ အိမ်ပေါ်က နှင်ချခံရသူ မောင်သောင်း။
- ခယ်မတွေကို ကြာကူလီလုပ်မိလို့ အိမ်ပေါ်က မောင်းချခံရသူ ငတွန့်။
- တစ်ဖက်ရွာမှာ ဖဲရှုံးမှုကြောင့် ဖဲကြွေးမပေးနိုင်၍ ရှောင်တိန်းထွက်ပြေးလာသည့် အော်ကြက်ကြီး ရူးပေါ။ စစ်ပြေး ဗိုလ်ထွဋ်။
- ၀ရန်းပြေး ဆော်ဂျမ်း။
- ချောင်းစပ်မှာ ရေချိုးနေတဲ့ အရူးပါး မ၀င်းရဲ့ ထဘီစုတ်ကိုခိုးမှုကြောင့် ဌာနအုပ်သွားတိုင်ရာက ချောင်းကြည့်မှု၊ မုဒိန်းကျင့်ရန်ကြံစည်မှု၊ ခိုးမှု အမြင်ကပ်ပုဒ်မတွေ အများကြီးတပ်ပြီး အဖမ်းခံခဲ့ရပြီးနောက် ထောင်မှူးရဲ့ ယတြာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်က ပြန်လွတ်လာရပြီးနောက် မိမိကိုယ်မိမိ ထောင်ထွက်အကျဉ်းသားအဖြစ် အရပ်ထဲ ရွာထဲတွင် ဂုဏ်ယူဝံ့ကြွားနေတတ်သည့် ထောင်ထွက်ငတုံး (ခ) အခြောက်ကတုံး (ခ) ကတုံးမ
တစ်ခါမှာတော့ ၀ရန်းပြေးနှိမ်နင်းရေးအတွက် မြို့ပေါ်က အထူးဂတ်ပလိပ်အဖွဲ့တွေ ဆင်လာပြီး ရွာ့ပြင် ဇရပ်ကို ရှောင်တခင်စစ်ဆေးသည်။ ဒီအခါမှာတော့ အားလုံးဟာ အရူးများဟန်ဆောင်လိုက်ကြပြီး အရူးကို ဒီအဖွဲ့ရဲ့ဆရာဖြစ်ကြောင်း ဖြတ်ထိုးဉာဏ်ရှိတဲ့ စစ်ပြေး ဗိုလ်ထွဋ်က ပလိပ်အဖွဲ့ကို ပြောပြလိုက်သည်။ ထိုအချိန် အရူးသည် ဇရပ်အစွန်းထောင့်တစ်နေရာတွင် သီချင်းဆို၍ ပလိပ်အဖွဲ့အား ပြူးကြောင်ကြောင်နှင့် ကြည့်နေသည်။
ပလိပ်အဖွဲ့ကလည်း မယုံနိုင်သေးဘဲ သံသယမျက်စေ့ဖြင့် ကြည့်နေသည်။ ထိုအချိန် ၀ရမ်းပြေးဆော်ကြမ်းမှ ငိုတလှည့် ရီတစ်မျိုးနဲ့ ပလိပ်ကို ၀င်ဖားကြည့်တော့ အခြေအနေက မလှဖြစ်နေသည်။ ထိုအခိုက် ကြာကူလီ ငတွန့်က အားလုံးကို အော်ပြောလိုက်သည်။ ဟေ့ ငါတို့ဆြာကြီး ပွဲတော်တည်ချိန်ရောက်လာပြီ။ ဆြာတော်ဖျားကို ပွဲတင်ဖို့ ပွဲပြင်ကြဟေ့လို့ ပြောလိုက်သည်။ ထောင်ထွက်ငတုံး(ခ) အခြောက်ကတုံး (ခ) ကတုံးမက ဇရက်အနီးတ၀ိုက်ရှိ ချီးခြောက်များကို ရေအိုးဖုံးပန်းကန်ပြားအားယူဆောင်၍ ကောက်ထည့်ပြီး အရူးရှေ့တွင် မှူးကြီးမတ်ရာများ မင်းကြီးထံတွင် အခစားဝင်သကဲ့သို့ ရိုသေခယစွာ ၀င်ရောက်၍ ရိုသေဟန်ဖြင့် ပေးလေတော့သည်။
အရူးခမျှာ အတိုက်အဖောက်ညီအောင် ညှိနှိုင်းထားခြင်း၊ ပြင်ဆင်ထားခြင်းမရှိတာကြောင့် ကြောင်နေသည်။ ထိုအခိုက် ထန်းရည်သမား မောင်သောင်းမှ `ဆရာကြီးခင်ဗျား စားသုံးရန် နတ်သုဒ္ဓါများ ရောက်ရှိပြီး အသင့်ဖြစ်နေပါပြီဖလား။ အမြန်ဆုံး စားတော်မူပါဖလား´လို့ ပြောလိုက်ခြင်းကြောင့် အရူးခမျှာ ဘုမသိ ဘမသိနှင့် မိမိအား ဆရာအဖြစ်တင်၍ ကျွေးမွှေးနေသော ချီးခြောက်များကို တကျွတ်ကျွတ်မြည်အောင် ကောက်ယူ စားသုံး၍ မြိန်ရှက်သည့်ဟန်ဖြင့် လုပ်ပြလေတော့သည်။
ထိုအခိုက် ဖဲသူခိုး အော်ကြက်ကြီး ရူးပျော်က `ရဲဘော်တို့ ငါတို့စခန်းထဲ ဂျပန်တွေဝင်လာပြီ ငါတို့ ဆြာကြီးကို ၀န်းရံကြ´လို့ အော်ဟစ် အချက်ပေးလိုက်ခြင်းကြောင့် အရူးနားတွင် အချို့မှာ ၀န်းရံ၍ ကာကွယ်စောင့်ရှောက်ဟန် လုပ်ပြလိုက်ကြပြီး၊ အချို့ကတော့ အနီးအနားက ဖြတ်သွားတဲ့ ပုရွက်ဆိတ်ကလေးများကို အင်အားသုံး၍ နှိမ်နင်းကြတော့သည်ကို ဌာနာအုပ်ကြီးနဲ့ ပလိပ်တို့မှာ မြင်ရ ကြည့်ရ ကြားရပြီး နှာခေါင်းရှုံ့၍ ခေါင်းတရမ်းရမ်းလုပ်ကာ ထွက်သွားကြပြီးနောက် အချိန်အနည်းငယ်ခန့်အကြာမှာတော့ အ၀တ်အစားအချို့နဲ့ ချောကလက်ပါကင်ထုပ်များ ဇရပ်အတွင်းသို့ ရောက်ရှိလာတော့လေသည်။
လာပို့သူများ ပြန်ထွက်သွားသည့်အခါ ပို့လိုက်သည့် သနားရည်စာများအား ၀ိုင်းဝန်းလုယက်ကြ၍ သွေးထွက်သံယိုမှုများ ဖြစ်ကြပြီး၊ အရူးခမျှာကတော့ ငါက ဆရာမို့လို့ နတ်သုဒ္ဒါစားရတယ်။ ဒင်းတို့ကတော့ စားစရာမရှိလို့ ရန်ဖြစ်နေကြတယ်လို့ပြောရင်း ချီးခြောက်များကို အားပါးတရ စားသောက်ပြီး ဇရပ်ရေအိုးအဖုံးအား အုပ်ရင်း ရေအိုးအတွင်းမှ ရေများကို သောက်သုံး၍ ဗိုက်ကားကာ အိပ်ပျော်သွားသလို၊ ၀ရန်းပြေး၊ ကြာကူလီ၊ စစ်ပြေး၊ ထောင်ထွက်တို့မှာလည်း သွေးထွက်သံယိုမှုများဖြင့် ရွာထိပ်ဇရပ်ကြီးဝယ် ခြေကုန်လက်ပမ်းကျပြီး အိပ်ပျော်သွားကြလေတယ်။
အရူးနာမည်ကတော့ `နေမျိုးဝေ´လို့ပဲ အမည်ပေး ကင်ပွန်းတပ်လိုက်ပါတယ်။ (တိုက်ဆိုင်သွားရင်တော့ ခွင့်လွှတ်ပါ)
ခေဋီဈက်အို
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar