အမေနတ်ကတော်၊ အမ ပြည့်တန်ဆာ၊ အကြမ်းဖက်ခေါင်းဆောင် ၀ီရသူ၏ နောက်ကြောင်း
အမေနတ်ကတော်၊ အမ ပြည့်တန်ဆာ၊ အကြမ်းဖက်ခေါင်းဆောင် ၀ီရသူ၏ နောက်ကြောင်း
ဝီရသူ၏ အမည်ရင်းမှာ ၀င်းခိုင်ဦးဖြစ်သည်။ အဖ ဦးခင်မောင်ဝင်းဖြစ်ပြီး မိခင်မှာ ဒေါ်တင်ဦးဖြစ်သည်။
အဖ ဦးခင်မောင်ဝင်းမှာ ရွှေတော်တွင်ကွယ်လွန်၍ မိခင် ဒေါ်တင်ဦးသည် ဒုတိယအိမ်ထောင်ပြုရာ ထိုခင်ပွန်းအမည်မှာ ဦးချစ်ညွန့်ဖြစ်သည်။
မိခင်မှာ နတ်ကတော်ဖြစ်၍ ယနေ့ထိ ကျောက်ဆည် ဇော်ဂျီအထက်ဆည်တွင် နတ်ကတော်လုပ်ကိုင်လျက်ရှိသည်။
မိခင်မှာ နတ်ကတော်ဖြစ်၍ ယနေ့ထိ ကျောက်ဆည် ဇော်ဂျီအထက်ဆည်တွင် နတ်ကတော်လုပ်ကိုင်လျက်ရှိသည်။
အဖေတူ မောင်နှမ ၃ ယောက်ရှိသည်။ အမ တစ်ယောက် ညီမတစ်ယောက်ဖြစ်ပြီး အမနာမည်မှာ မချိုဖြစ်သည်။ (ညီမနာမည်မသိရသေး)။
၎င်း၏ အမေ ဒေါ်တင်ဦးအပါအ၀င် အမ မချိုနှင့်ညီမများသည်
ပြည့်တန်ဆာအလုပ်လုပ်ကိုင်ကြပြီး တရုတ်အမျိုးသားနှင့်
တိတ်တိတ်ပုန်းညားနေသည့် မချိုမှာ ပြည့်တန်ဆာခေါင်းအဖြစ် မူဆယ်တွင်
ပြည့်တန်ဆာခန်း (ဘိ) ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။
ဝီရသူသည် ကျောက်ဆည်မြို့တွင်ကြီးပြင်းပြီး ဆူးကုန်းအုပ်စု
အောက်ချိုင်းရပ် အ.ထ.က (၁) ကျောင်းလမ်း စာတိုက်ဝင်းကြီးဘေး
သမရုံးကျုးကျော်အိမ်ယာတွင် နေထိုင်ခဲ့သည်။
အလုပ်အကိုင်မှာ သမရုံး ယခု ကြံ့ခိုင်ရေးရုံး ညစောင့်ဖြစ်ပြီး နေ့ခင်းတွင် ရေစည်လှည်းတွန်းသည်။
ပညာအရည်အချင်းမှာ ကျောက်ဆည်မြို့ ဆူးကုန်းရပ် အ.မ.က ၆
ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကျောင်းတွင် ၄ တန်းအောင်ပြီးနောက် အ.ထ.က ၁
ကျောင်းတွင် ၅တန်းနှစ်ဝက်တက်ပြီးနောက် ၁၉၈၀မှ ခုနှစ် ၁၉၈၈ ထိ ဖခင်နှင့်အတူ
ရေစည်လှည်းတွန်း အလုပ်လုပ်ကိုင်ခဲ့သည်။
၈၈ အရေးခင်းပြီးနောက် ကျောက်ဆည်မြို့ ကံဦးရပ်ရှိ
မင်းကွန်းမဟာစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးဝတ်ခဲ့ပြီး
မန္တလေး မစိုးရိမ်ကျောင်းသို့ပြောင်းခဲ့သည်။
၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင်
ဝီရသူ အမျိုးသားရေး တရားပွဲကျင်းပအပြီး ၁၉ရက် ၁၀လ ၂၀၀၃ ညတွင်
ကျောက်ဆည်အရေးအခင်းဖြစ်ခဲ့ပြီး စုကြီးဗလီ ကံဦးဂျာမေ့ဗလီ
မီးရှို့ဖျက်ဆီးခံရသည်။
မွတ်စ်လင်မ်ပိုင်တိုက်များ အိမ်များ ဈေးဆိုင်များ အကြမ်းဖက်မီးရှို့ဖျက်ဆီးခံရသည်။
ဈေးတန်းရပ် ဟာဂျီဦးရီဆွတ်မိသားစု ၁၁ ယောက် မိန်းကလေး ၇ယောက် ယောက်ျားလေး ၄ ယောက်မီးရှို့သတ်ခံရသည်။
အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ ၀ီရသူ ဖမ်းဆီးထောင်ချခံရသည်။
by: ချိန်ခွင်
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar