ကုလားမယားဖြစ်မှာထက် အများမယားဖြစ်နေကြတာ ၉၆၉ တို့သိထားကြ
.
အဲဒီလို ဆင်းရဲနွမ်းပါးမှုကို အခြေခံတဲ့ ပြဿနာ၊ ပညာမတတ်မှုကြောင့် ဖြစ်တဲ့ အခြေအနေတွေကို လစ်လျူရှုပြီး ဘာမှမဟုတ်တဲ့ မမှုလောက်တဲ့ ကုလားအရေးကို ရှေ့တန်းတင်ပြီး ပြဿနာတွေ ဖွနေမယ်ဆိုရင် ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ပညာတတ်မြောက်မှု၊ တရားဥပဒေစိုးမိုးမှုဆိုတာတွေ ဘယ်တော့မှ မရောက်နိုင်။ ဗမာတွေက ဆက်လက်ပြီး ဆင်းရဲမြဲ ဆင်းရဲမယ်။ ဗမာတွေ ချမ်းသာရေးဆီ ဦးတည်မှ ပညာတတ်ရေးဆီ ဦးတည်မှ လမ်းစဉ်မှန်မယ်။
.
မချမ်းသာတဲ့ဗမာအမျိုးသမီးကို (ထိုင်း တရုပ် နဲ့) ကုလားကသာမက လမ်းဘေးကသူတောင်းစားကတောင် တောင်းရတဲ့ ပိုက်ဆံနဲ့ ပျော်ပါးခွင့်ရှိလာမယ်။ မချမ်းသာတဲ့ ဗမာတွေ ကိုးကွယ်တဲ့ ပညာမတတ်တဲ့ ဘုန်ကြီးတွေကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူး။ နိုင်ငံချမ်းသာမှ၊ နိုင်ငံဥပဒေစိုးမိုးမှ အမျိုးဘာသာသာသနာဆိုတာ လေးစားစရာဖြစ်လာမယ်။
.
ကွမ်းယာဆိုင်၊ သူတောင်းစားခွက်နဲ့ တဲသာသာ အိမ်စုတ်မှာ ရေးထားတဲ့ ၉၆၉ ကို ဘယ်သူမှ လေးစားမှာ မဟုတ်။ ဘီလ်ဂိတ်ရဲ့ အိမ်တံခါးမှာ ဘာမှ ရေးမထားလဲ သူဘာဆိုတာ သိတယ်။"
.
(ယနေ့ ဆရာတော်တစ်ပါးဆီမှ ကြားနာမှတ်သားခဲ့ရပါသည်။)
.
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar