အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

တရုတ်ပြည် အနောက်ပိုင်းမှာ မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး အမိန့်ထုတ်ပြန်

တရုတ်ပြည် အနောက်ပိုင်းမှာ မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး အမိန့်ထုတ်ပြန်





တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမဒန် ဥပုသ်လ အတွင်း မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် တားမြစ်ထားပါတယ်။

ဒီလို တားမြစ်ခံရသူတွေထဲမှာ အဲဒီဒေသရဲ့ ဌာနေ ဝီဂါ မျိုးနွယ်စုဝင် အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ ပါဝင်ပါတယ်။

ဒီကာလအတွင်းမှာ တရုတ် အာဏာပိုင်တွေက အခမဲ့ နေ့လည်စာ ကျွေးမွေးတာမျိုးတွေတောင် လုပ်ခဲ့တယ်လို့ တရုတ်ပြည် ပြင်ပမှာ အခြေစိုက်တဲ့ ဝီဂါ အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။

ဝီဂါတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို တရုတ် ခေါင်းဆောင်တွေက ဖျက်ဆီးနေကြတယ် လို့လည်း သူတို့က အပြစ်တင်ကြပါတယ်။

အချို့ကလည်း ဒီလို အခြေအနေတွေဟာ ရှင်ဂျန်း ပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းခံ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

http://www.bbc.co.uk/burmese/world/2014/07/140702_xinjiang_ramadan_banned.shtml




Inga kommentarer:

Skicka en kommentar