ဇွန် ၉၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရဲ့ အရေးကြီးသည့် အချိုးအကွေ့ အပြောင်းအလဲဖြစ်တိုင်းတွင် အထိကရုဏ်း၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာမှုဟာ ခဏခဏတိုက်ဆိုင်နေတာ မကောင်းပါဘူးလို့ ၈၈ မျိုးဆက်ပွင့်လင်းငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဆိုသည်။
M-Media
လမင်း
ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရဲ့ အရေးကြီးသည့် အချိုးအကွေ့ အပြောင်းအလဲဖြစ်တိုင်းတွင် အထိကရုဏ်း၊ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာမှုဟာ ခဏခဏတိုက်ဆိုင်နေတာ မကောင်းပါဘူးလို့ ၈၈ မျိုးဆက်ပွင့်လင်းငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လူထုပါဝင်နိုင်မှု မီဒီယာနှင့်
လူထုအဖွဲ့အစည်းများကြားဆွေးနွေးပွဲကို ရန်ကုန်ုမြို့ရှိ Park Royal
ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်ရာ ဦးကိုကိုကြီးအား မီဒီယာများမှ
မေးမြန်းစဉ် ၎င်းမှဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲ့လိုတိုက်ဆိုင်မှုတွေဟာ ၈၈ ကတည်းက စတယ်လို့ပြောလို့ရပါတယ်။ အခုက
အင်တာနက်နည်းပညာ သုံးပြီး သွေးထွက်သံယို မှု တွေဖြစ်အောင် လုပ်နေကြတာပါ။
Electronic အက်ဥပဒေ ပုဒ်မ ၃၃ ဆိုတာရှိပါတယ်။ ကျွန်တော်တို့ကို အဲ့ဒီဥပဒေနဲ့
မေးလ်တစ်စောင်ကို ၁၅ နှစ်နဲ့ ၄ စောင် နှစ် ၆၀ ကျခဲ့ရတာပါ။
အဲ့လိုဥပဒေမျိုးတွေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုနေပါပြီ” ဟု
သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၃၆
ပြင်ဆင်ရေး အတွက် ပြည်သူလူထု လက်မှတ်များ ကောက်ယူပွဲကို
နိုင်ငံအနှံ့အပြားတွင် ကောက်ယူလျက်ရှိသည်။
အစိုးရအနေနဲ့ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင်
နောက်ကွယ်မှကြိုးကိုင်သည်ဟု သံသယရှိနေသည်ဆိုလျှင် ထိုသံသယများကို
ထိရောက်စွာ ဖော်ထုတ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
ကျောင်းသားတွေ ဆန္ဒပြလျှင် ချက်ချင်းဖမ်းဆီးနိုင်တယ်၊ ၂၀၀၇
ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဧရာမ လှုပ်ရှားမှုကြီးကိုတောင် ချက်ချင်း
ထိန်းသိမ်းနိုင်ပြီး လက်ပံတောင်းတောင်ကဲ့သို့ လှုပ်ရှားမှုကိုလည်း
ချက်ချင်းဖြိုခွဲနိုင်တယ်။ ယခု ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင်
ထိရောက်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းဟာ တရားဥပဒေစိုးမိုးမှု
အားနည်းနေသောကြောင့် ဟု ဦးကိုကိုကြီးက သုံးသပ်ပြောကြားသည်။
လွန်ခဲ့သော ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတွင်
အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ပုဒ်မ ၁၄၄
ထုတ်ပြန်ထားခဲ့သည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar