အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 13 juni 2014

မေးခွန်း- Tomorrow ....အဖြေ-ဦးအံ့မောင်----ထိုကိစ္စများ မသိ

  မေးခွန်း- Tomorrow ....အဖြေ-ဦးအံ့မောင်----ထိုကိစ္စများ မသိ



 မေးခွန်း- ကျွန်တော် Tomorrow သတင်းဂျာနယ်ကပါ မေးချင်တဲ့မေးခွန်းက လွန်ခဲ့တဲ့
တလလောက်က နိုင်ငံတော်သမတကြီးရဲ.အမှာစကားကိုပြောဖို.အတွက် သမတရုံး
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းစေလွှတ်လိုက်ပါတယ်ဆိုပြီး၊ MPC မှ ကိုညိုအုန်းမြင့်
နှင့် တာဝန်ရှိသူတဦး ပီနန်ဆရာတော်ကြီးကိုလာရောက်တွေ.ဆုံပါတယ်။

အဲဒီမှာ နိုင်ငံတော်သမတကြီးကလျှောက်ထားလိုက်ပါကြောင်း ပီနန်ဆရာတော်ကြီး
အေးချမ်းစွာသတင်းသုံးပါရန်နှင့်သန္တိသုခကျောင်းတိုက်ကြီးမှလည်း အတင်းဝင်ရောက်
ဖယ်ရှားခိုင်းခြင်းမပြုပါကြောင်း လာရောက်လျှောက်ထားခဲ့ပါတယ်။ ထိုတွေ.ဆုံပြောဆိုမှု
 အထောက်အထားများ ကျွန်တော်တို.ထံမှာရှိပါတယ်။ ဒါကြောင့် မနေ.ညက ဖြစ်ရပ်နှင့်
စပ်လျဉ်းပြီး နိုင်ငံတော်သမတရုံးမှ ခွင့်ပြုပါသလားလို. မေးမြန်းလိုပါတယ်။

ဦးအံ့မောင်(အဖြေ) - ထိုကိစ္စများ မသိကြောင်း၊ ဘယ်သူတွေဘာတွေပြောသလဲဆိုတာ
ပြောတဲ့သူတွေမှာသာ တာဝန်ရှိကြောင်း၊ ဘာစာတွေပေးသလဲဆိုတာလည်းမသိကြောင်း
နိုင်ငံတော်သမတရုံးမှလည်း ဘာစာမှ မဟနကိုမပေးပါကြောင်း ၊ ဘာမှအကြောင်းမကြား
ကြောင်း ဖြေကြားပါတယ်။

Kyaw Swar Myint

Nyo Ohn Myint's status.

မနေ့က သီတဂူဆရာတော်ဘုရားကြီး ဖုံးဆက်လာပြီး ကျွန်တော့်ကို စိတ်မချမ်းမြေ့ကြောင်း၊ တိုင်းပြည်ရှေ့ရောက်အောင် သူလည်း တတ်နိုင်သလောက် လုပ်ပေးတာ ထိရောက်မှု မရှိတော့ဘူးလို့ ခံစားရတယ်လို့ မိန့်ကြားလာပြန်တော့၊ ပိုလို့စိတ်မကောင်းဖြစ်ရပါတယ်။
ပီနန်ဆရာတော်ဘုရားကြီးအတွက်များစွာစိတ်မကောင်းဖြစ်မိပါတယ်၊အားလုံးအတွက်ကောင်းအောင်လုပ်ရင်းကျွန်တော်ဒီတိုက်ပွဲမှာရှုံးသွားပါတယ်။မနေ့ကသီတဂူဆရာတော်ဘုရားကြီးဖုံးဆက်လာပြီးကျွန်တော့်ကိုစိတ်မချမ်းမြေ့ကြောင်း၊တိုင်းပြည်ရှေ့ရောက်အောင်သူလည်းတတ်နိုင်သလောက်လုပ်ပေးတာထိရောက်မှုမရှိတော့ဘူးလို့ခံစားရတယ်လို့မိန့်ကြားလာပြန်တော့၊ပိုလို့စိတ်မကောင်းဖြစ်ရပါတယ်။အမိမြေကိုပြန်လာတာအုတ်တချပ်သဲတပွင့်အတွက်ပါ။ကျွန်တော်အဓိကငြိမ်းချမ်းရေးလုပ်ငန်းတွေမှာပါဝင်ပေမဲ့အခြားကူညီနိုင်တာကိုကူညီပေးမိတာကိုအပြစ်မြင်တဲ့သူတွေကြားမှာနေရတာထက်ကျွန်တော်ဒီနေရာ၊ဒီတိုင်းပြည်မှာရှိသင့်မသင့့််ပြန်စဉ်းစားမှာပါ။

(( Nathan Maung ၏ စတေးတပ် ))
ငွေစာရင်းများရှင်းလင်းရန် အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီး လူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့် ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟနဆရာတော်များအား ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ် အခန်းအနားတွင် ကျောင်းတော်ကြီးကိုထိုးအပ်ခဲ့ပါသည်။ မဟန လည်း ဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုစဉ်က မဟန ဥက္ကဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေး ဆရာတော်မှ ကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။

ဤသို့ဖြင့်ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူသော ရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင် မောင်းထုတ်ခဲ့ပါသည်။ အမှန်တကယ် တွင် ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲ မဟုတ်ဘဲ ဦးအံ့မောင် အကြံနှင့် ဦးစောမြင့် သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန်ထိ ဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ ( ညက အဖြစ် အပျက်မတိုင်မှီအထိ)။


Inga kommentarer:

Skicka en kommentar