အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 juni 2014

အချိုးကျကိုယ်စားပြုစနစ် (PR) ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အားလုံးနုတ်ထွက်

အချိုးကျကိုယ်စားပြုစနစ် (PR) ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အားလုံးနုတ်ထွက်


 အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်၍ အကောင်အထည် ဖော်မည့် ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အားလုံးနုတ်ထွက်လိုက်ကြောင်း သတင်းရရှိသည်။

‘‘လွှတ်တော်က အဆိုကို အနိုင်ရသွားတဲ့အခါမှာ PR နဲ့ ပတ်သက်ပြီး Design ဆွဲဖို့ ကော်မရှင်ဖွဲ့တယ်။ အဲဒီအဖွဲ့မှာ ဆွေး နွေးတဲ့ လူတွေအားလုံးကို ထည့်ထားတယ်။ ကျွန်တော်တို့က မပါနိုင်ဘူးဆိုပြီး ထွက်ခွင့်တင် လိုက်တာ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်းဒေသ ကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောကြားသည်။

အဆိုပါ ကော်မရှင်တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၃၆ ဦးအပါအ၀င် လူပုဂ္ဂိုလ် ၄၀ ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံထားသော ဒီချုပ် ကိုယ်စားလှယ် ငါးဦးစလုံး က ပါတီမူဝါဒနှင့် မကိုက်ညီသည့် အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ထိုကော်မရှင်မှ နုတ်ထွက် ခွင့်ပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြခဲ့ပြီးနောက် ဇွန် ၁၃ ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုလိုက် ကြောင်း ၎င်းကပြောသည်။

‘‘ကြက်ဟင်းခါးသီးက ဘယ်အိုးနဲ့ ချက်ချက် ခါးမှာပဲလေ။ အိုး ပြောင်းချက်လို့ ချိုလာတာမှ မဟုတ်တာ’’ဟု ကော်မရှင်မှ နုတ် ထွက်ရသည့်အကြောင်းကို ဦး အောင်ကြည်ညွန့်က ဥပမာပေးရှင်းပြသည်။

www.7daydaily.com/story/13251#.U501TSg02ao

Inga kommentarer:

Skicka en kommentar