ဖိုးလ ပြည့်ကို စီးပွားရေး လုပ်ဖို့ ဦးသန်းရွှေက ခွင့်မပြုဘူးပေါ့နော်။( ဦးသန်းရွှေ၏ သမက် နေစိုးမောင်)


သူ (ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်) ကတော့ စီးပွားရေးကြီး ကြီးကျယ်ကျယ် မရှိဘူး။ လူများပေမယ့်လို့ ဘဏ်လုပ်ငန်းကြီးတွေ၊ Trade တို့ မီဒီယာ လုပ်ငန်း အကြီးကြီးတွေ မရှိဘူး။ ဆရာ့အနေနဲ့လည်း ဒီအရွယ်ဆိုတာ ပညာရှာရမယ့် အရွယ်ပေါ့။ နောက်တစ်ခုက ငွေဆိုတာ သုံးလိုက်ရင် ကုန်သွားတာပဲ။ နောက် လူတစ်ယောက်က တစ်နေ့ထမင်း၂ နှပ် ထက်လည်း ပိုစားလို့ မရဘူး။
ပွင့်ပွင့်လင်းလင်း ပြောရင်ကွာ သူတို့ကျတော့ Public ထဲမှာ ပေါ်ပြူလာတော့ ရှိတာပေါ့။ အဲဒီလို ရှိတဲ့ သူကနေပြီးတော့ ဒီလိုမျိုး Service Talk တွေ လုပ်ပေးမယ်ဆိုရင် ပိုပြီးအောင်မြင်တယ်။ လူတွေကလည်း လက်ခံတယ်လို့ ဆရာယုံကြည်တယ်။
သူ့ (ဦးနေရွှေသွေးအောင် (ခ) ဖိုးလ ပြည့်)ကို စီးပွားရေး လုပ်ဖို့သူ့အဘိုး (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း ဦးသန်းရွှေ)က ခွင့်မပြုဘူးပေါ့နော်။ ဒါကြောင့်မို့သူ့မှာ ကုမ္ပဏီ အကြီးအကျယ် မရှိဘူး။ ဆရာ့အနေနဲ့တော့ သူ့ကို လူမှုရေး လုပ်ငန်းတွေ လုပ်စေချင်တယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ပေါ့နော်။ တချို့ဟာတွေတော့ ဆရာ သူ့ကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်။ စည်းရုံးတယ်။ လက်ရှိ ဘောလုံးပွဲ အားကစားတွေ သူလုပ်တယ်။ ဆရာလုပ်တဲ့ လုပ်ငန်းတချို့ကိုလည်း သူ့ကို ပူးပေါင်းကူညီခိုင်းတယ် ပေါ့နော်။ ဆရာ့သားကိုတော့ ဆရာ အခုလုပ်တဲ့ လုပ်ငန်းမျိုး လုပ်စေချင်တယ်။
ပါမောက္ခချုပ်ဒေါက်တာနေစိုးမောင်
(ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရှင်းလင်းစွာ သိပြီးမှသာ လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားမည်။
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သမက်
ပါမောက္ခချုပ် ဒေါက်တာ ဗိုလ်မှူးကြီး။ နေစိုးမောင်
မြန်မာသံတော်ဆင့် ဂျာနယ်မှ
Soe Win
ဒီကောင်က လုပ်စရာမလိုဘူးလေ...
၁။အောင်သောင်းဆီက တနှစ်$3သန်း..
၂။အောင်ကိုဝင်းဆီက တနှစ်$3သန်း..
၃။တေဇဆီက $3သန်း....
၎။အောင်သက်မန်းဆီက$3သန်း
၅။ဇေကမ္ဘာဆီက $3သန်း
နှစ်စဉ် ၁၅ သန်း အနဲဆုံး ဝင်တယ်လေ။။
Renai Ssance ဒါပေမဲ့ အခု သူ ဝင်းသူဇာနဲ့ မြေကွက် တွေ ဝယ်ထားတယ်လေ
Kyi Soe ဝယ်တာက စီးပွားရေး မဟုတ်ဘူး
Zaw Naing Linn ပါမောက္ခချုပ်ဒေါက်တာနေစိုးမောင် ဆိုတာ ဖိုးလပြည့်ရဲ့အဖေအရင်းပါ။မဆလပါတီကဦးနေ၀င်းရဲ့လူယုံဗိုလ်ချုပ်တင်စိန်ရဲ့သားပါ။
သန်းရွေရဲ့သမက်အရင်းဆိုတာလည်းပြောပြပေးလိုက်ပါအုံး။
Inga kommentarer:
Skicka en kommentar